လျှပ်စစ်သုံးမော်တော်ယာဉ်များ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) နှင့် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ ရောက်ရှိ

News
1
2
3
4
5
6
7
8

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် DONGFENG MOTOR CORPORATION LIMITED မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: DONGFENG EX1 NANO BOX၊ 2024 MDL၊ C/O: CHINA – (11) U သည် ၄-၆-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ရောက်ရှိခဲ့ပါသည်။ N.P.K MOTORS CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: LEAPMOTOR, T03 (LUXURY)၊ 2024 MDL၊ C/O: CHINA – (3) U သည် ၃၁-၈-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ MYANMAR CONSTRUCTION & DEVELOPMENT INFRASTRUCTURE CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: VOLKSWAGEN ID-3၊ 2023 MDL၊ C/O: CHINA – (3) U သည် ၂၃-၈-၂၀၂၄ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့အသီးသီးရောက်ရှိခဲ့ပါသည်။ အဆိုပါ လျှပ်စစ်သုံးမော်တော် ယာဉ် (၁၁) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) ၌လည်းကောင်း၊ လျှပ်စစ်သုံး မော်တော်ယာဉ် (၆) စီးအား အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌လည်းကောင်း၊ စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၁၇) စီးအား အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ပြီး ၂၅-၉-၂၀၂၄ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။