အကောက်ခွန်ဦးစီးဌာန၏ (၂၄-၂-၂၀၁၇) မှ (၈-၃-၂၀၁၇) အတွင်းခန့်မှန်းတန်ဖိုးကျပ် (၉၀၇.၆၉၆) သန်းခန့်တန်ဖိုးရှိအကောက်ခွန်မ-ဲ့ပစ္စည်းများတားဆီး/ဖမ်းဆီးရမိခြင်း
အကောက်ခွန်ဦးစီးဌာန၏ (၂၄-၂-၂၀၁၇) မှ (၈-၃-၂၀၁၇) အတွင်း
ခန့်မှန်းတန်ဖိုးကျပ် (၉၀၇.၆၉၆) သန်းခန့်တန်ဖိုးရှိအကောက်ခွန်မ-ဲ့ပစ္စည်းများတားဆီး/ဖမ်းဆီးရမိခြင်း
အကောက်ခွန်ဦးစီးဌာန၏ လေဆိပ်နှင့် အကောက်ခွန်နယ်မြေဒေသအသီးသီးတို့တွင် တင်သွင်း/ တင်ပို့ခွင့် စာရွက်စာတမ်းအထောက်အထားတစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိဘဲတင်သွင်း/တင်ပို့သောကုန်ပစ္စည်းများအားစစ်ဆေးရှာဖွေတားဆီးအရေးယူမှုများပြုလုပ်ဆောင်ရွက်လျက်ရှိရာဖေဖော်ဝါရီလ (၂၄) ရက်နေ့မှမတ်လ (၈) ရက်နေ့အထိစုစုပေါင်းတားဆီး/ဖမ်းဆီးမှုမှာ (၈၁) မှုဖြစ်ပြီး ခန့်မှန်းတန်ဖိုးမှာကျပ်(၉၀၇.၆၉၆) သန်းခန့် ဖြစ်ပါသည်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တားဆီးမှုအနေဖြင့်၂-၃-၂၀၁ရရက်နေ့တွင် Jet Star လေကြောင်းလိုင်း 3K-583/SF-3113 ဖြင့်စင်္ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ဝင်ရောက်လာသည့်မြန်မာနိုင်ငံသားခရီးသည်ဒေါ်အေးအေးခိုင်ထံမှ PD Form တွင်ကြေညာထားခြင်းမရှိသောSK II Brand Skin Care (18) Items ၊ခန့်မှန်းတန်ဖိုးကျပ်(၄) သန်းခန့်အားစစ်ဆေးတွေ့ရှိ၍တားဆီးခဲ့ပါသည်။
ဆိပ်ကမ်းတားဆီးမှုအနေဖြင့် (၂) မှုရှိ၍ ခန့်မှန်းတန်ဖိုးမှာကျပ် (၂၈၃.၈၅၅) သန်းခန့်ရှိသည့်အနက် ၃-၃-၂၀၁၇ ရက်နေ့တွင် MIP ဆိပ်ကမ်း၌ Grand Nawaplastic Myanmar Co., Ltd မှ တင်သွင်းလာသော B/N YIZUMI Plastics Injection Molding Machine, C/O China (3) Units အား VPA (100) ရက်ကျော်လွန်နေသဖြင့် ခန့်မှန်းတန်ဖိုးကျပ် ( ၂၇၇.၇၇၅) သန်းခန့်အားစစ်ဆေးတွေ့ရှိ၍ တားဆီးခဲ့ပါသည်။
နယ်မြေဒေသများတွင်တားဆီးမှု (၇၈) မှုရှိ၍ ခန့်မှန်းတန်ဖိုးမှာကျပ် (၆၁၉.၈၄၁) သန်းခန့်ရှိသည့်အနက် ၁-၃-၂၀၁၇ ရက်နေ့တွင် မန္တလေး မှ မူဆယ်သို့ ထွက်ခွာလာသော Toyota Landcruiser နှင့် Toyota Surf အမျိုးအစားယာဉ်များအားရေပူအမြဲတမ်းစစ်ဆေးရေးစခန်းပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသောကျောက်စိမ်းဟုယူဆရသောကျောက်များ (4403) Kg ခန့်မှန်းတန်ဖိုးကျပ် (၂၁၆.၆၇) သန်းခန့် နှင့် ပစ္စည်းသယ်ဆောင် လာသည့်လိုင်စင်မဲ့ယာဉ် ခန့်မှန်းတန်ဖိုးကျပ် (၈) သန်းခန့် ၊ စုစုပေါင်းခန့်မှန်းတန်ဖိုးကျပ် (၂၂၄.၆၇) သန်းခန့်အားစစ်ဆေးတွေ့ရှိ၍ တားဆီးခဲ့ပါသည်။
အကောက်ခွန်ဦးစီးဌာန၏ (၁-၄-၂၀၁၆) ရက်နေ့မှ (၈-၃-၂၀၁၇) ရက်နေ့အထိမိုဘိုင်းဖုန်း၊ ကွန်ပျူ တာဆက်စပ်ပစ္စည်းများ နှင့် သစ်တောထွက်ပစ္စည်းများတားဆီး/ဖမ်းဆီးမှုများအနေဖြင့် ရန်ကုန်လေဆိပ် ၊ ဆိပ်ကမ်း နှင့် နယ်မြေဒေသများမှ စုစုပေါင်းတားဆီး/ဖမ်းဆီးမှု (၆၁)မှု၊ခန့်မှန်းတန်ဖိုးကျပ် (၁၈၃.၂၅၁) သန်းခန့်အရေးယူဆောင်ရွက်နိုင်ခဲ့ပါသည်။
SK II Brand Skin Care တားဆီးမှုမှတ်တမ်းဓါတ်ပုံ
YIZUMI Plastics Injection Molding Machine တားဆီးမှုမှတ်တမ်းဓါတ်ပုံ
ကျောက်စိမ်းဟုယူဆရသောကျောက်များတားဆီးမှုမှတ်တမ်းဓါတ်ပုံ

