နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ် Blue Print ဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပခြင်
13/12/2017
ကုန်သွယ်မှုလွယ်ကူချောမောစေရေး အတွက် နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းအစီအစဉ်ကြိုတင်ပြင်ဆင်မှုဆိုင်ရာအစည်းအဝေး ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် (၉း၃၀)နာရီတွင် နေပြည်တော် Kempinski Hotel တွင်ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊အကောက်ခွန်ဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ကုန်သွယ်ရေးဦးစီးဌာန၊အစားသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၊အပင်ပိုးမွှားတိရစ္ဆာန်ကူးဆက်ရောဂါကာကွယ်ရေးဌာန၊ပို့ဆောင်ရေးဌာန၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊သစ်တောဦးစီးဌာန၊ရှေ့နေချုပ်ရုံး တို့မှ သက်ဆိုင်ရာကိုယ်စားလှယ်များ၊JICA, USAID, EU-GIZ ,ADB, AAUK-AID စသည့်အဖွဲ့အစည်းများမှတာဝန်ရှိသူများတက်ရောက်၍ နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ်အတွက် Blue Print တခုအားအမြန်အကောင်အထည်ဖေါ်၍ Blue Print အတိုင်းအကောင်အထည်ဖေါ်ရေးများဆွေးနွေးခဲ့ကြသည်။



