Call Center ဖွင့်လှစ်၍ ဖြေကြားပေးမည့်အကြောင်းအသိပေးကြေညာခြင်း

12/10/2017
အကောက်ခွန်ဦးစီးဌာနတွင် လက်ရှိအချိန်၌ ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ သိရှိလိုသော အကြောင်းအရာများ၊ တင်သွင်း/တင်ပို့မှုနှင့် ပတ်သက်သည့် အခက်အခဲများ ပေါ်ပေါက်လာပါက စီမံရေးရာဌာနခွဲရှိ ပြည်သူ့ဆက်ဆံရေးဌာနစိတ် (Public Relation Section) နှင့် MACCS ဌာနခွဲမှ System နှင့်ပတ်သက်သည့် System Error များ ပေါ်ပေါက်လာပါက ဖြေရှင်းပေးရန်အတွက် Help Desk Section တို့မှ ရှင်းလင်း ဖြေကြားပေးလျက်ရှိပါသည်။ သို့ရာတွင် ပြည်သူ့ဆက်ဆံရေးဌာနစိတ် (Public Relation Section) နှင့် Help Desk Section တို့မှ ရုံးချိန်အတွင်း၌သာ ရှင်းလင်းဖြေကြားပေးလျက်ရှိပြီး ရုံးချိန်ပြင်ပ၌ တင်သွင်း/တင်ပို့မှုများနှင့် ပတ်သက်၍ အဆင်မပြေမှုများကြုံတွေ့လာပါက မေးမြန်ရန် အခက်အခဲများဖြစ်ပေါ်နေ၍ အကောက်ခွန်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာ၌ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ မေးမြန်းသည့်ကိစ္စရပ်များအား ၂၄ နာရီပတ်လုံး ဖြေကြားနိုင်ရန်အတွက် ရုံးချိန်အတွင်း၌ ပြည့်သူ့ဆက်ဆံရေးဌာနစိတ် (ဖုန်း - ၀၁ ၃၉၁၄၃၅ Ext - ၁၅၀) မှ ဖြေကြားပေးမည်ဖြစ်ပြီး ရုံးချိန်ပြင်ပအချိန်များ၌ Call Center အဖြစ် အကောက်ခွန်ဦးစီးဌာန (ရုံးချုပ်) ရှိ တာဝန်မှူးရုံးခန်း (ဖုန်း - ၀၁ ၃၉၁၄၄၂) နှင့် (ဖုန်း ၀၁- ၃၉၁၄၃၅ Ext - ၁၄၈ / ၁၅၀ ) တို့ရှိ နေ့စဉ်တာဝန်ကျ တာဝန်မှူးနှင့် ဒု-တာဝန်မှူး (အကောက်ခွန်မှူး/ဒု-အကောက်ခွန်မှူး) တို့မှ မေးမြန်းသည်များကို ရှင်းလင်းဖြေကြာပေးမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။