တရားမဝင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက်သြစတေးလျနိုင်ငံနှင့် မြန်မာနိုင်ငံတို့နားလည်မှုစာချွှန်လွှာရေးထိုးခြင်း။ Australian Border Force and Myanmar Customs

13/12/2017
သြစတေးလျနယ်စပ်တပ်ဖွဲ့ (ABF) သည် မြန်မာ့အကောက်ခွန်ဌာန(MCD) နှင့် ဒေသအတွင်း တရားမဝင် မူးယစ်ဆေးဝါးများ မှောင်ခိုကုန်ကူးခြင်းအပြင် အကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေများကို ချိုးဖောက်မှုများအား စုံစမ်း ထောက်လှမ်းရန် ၊ ဟန့်တားရန်နှင့် ကာကွယ်တားဆီးရန် အတွက် သမိုင်းဝင်သတင်း အချက်အလက်မျှဝေရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU) ကို ယနေ့ လက်မှတ်ရေး ထိုးခဲ့သည်။ ABF သည် လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ကာကွယ်စောင့်ရှောက် ရေး (DIBP ) ၏ လုပ်ငန်းဆောင်ရွက်မှုပိုင်းဆိုင်ရာ အဖွဲ့အစည်းဖြစ်ပါသည်။ MOU ကို ယနေ့ ရန်ကုန်မြို့တွင်ကျင်းပသော အခမ်းအနား၌ မဲခေါင်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးမစ္စတာ ဒေးဗစ်နက်စ်နှင့် MCD ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဆန်းထွန်း တို့က လက်မှတ် ရေးထိုးခဲ့ကြသည်။ ယင်းသည် DIBP နှင့် MCD တို့ အကြား ပထမ ဆုံးရေးထိုးသည့် MOU ဖြစ်ပြီး၊ အဖွဲ့အစည်း နှစ်ခုအကြား ဆက်ဆံရေးတွင် သိသာထင်ရှားသည့် မှတ်တိုင်တစ်ခုအဖြစ်ကိုယ်စားပြုသည်။ MOU သည် ဒေသအတွင်း ၌ တရား မဝင်မူးယစ်ဆေးဝါးများနှင့် အစပျိုးစမ်းသပ်ပစ္စည်းများ အား တိုက်ဖျက်ရာတွင် အတူလုပ်ဆောင်နိုင်ရေး အဖွဲ့အစည်း နှင်ခုအတွက် အနာဂတ် မူဘောင်တစ်ရပ်ဖြစ်သည်။ မစ္စတာနက်စ်က ကျွနု်ုပ်တို့သည် မက်သဖက်တမင်းနှင့် အခြားတရားမဝင် မူးယစ်ဆေးဝါး များ၏ ဘေးဆိုးအန္တရယ်ကို တိုက်ဖျက်ရန် အတွက် ဒေသအတွင်း မိတ်ဖက်အဖွဲ့အစည်း များနှင့် နီးကပ်စွာ လုပ်ဆောင်ရန် ကတိပြုထားပါကြောင်း၊ DIBP နှင့် MCD တို့အကြား ပုံမှန်သတင်းဖလှယ်ခြင်းသည် မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးခြင်းကို ဦးတည်တိုက်ဖျက် နိုင်ရေး အတူလုပ်ဆောင်နိုင်သည့် စွမ်းရည် ကို ပိုမိုအားကောင်း စေပါကြောင်း ပြောဆို ခဲ့သည်။ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်က ဒေသတွင်း ပူးပေါင်းဆောင်ရွက်ခြင်းသည် တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် အဓိကကျကြောင်း အတည် ပြုထောက်ခံခဲ့ပြီး၊ ဒေသတွင်း ပေါ်ထွက်လာနေသည့် မူးယစ်ဆေးဝါး ဦးတည် ရာများနှင့် စပ်လျဉ်းပြီး DIBP ကို အသိပေးနှိုးဆော်ရန် သဘောတူညီခဲ့သည်။ သြစတေးလျနိုင်ငံသည် MCD ၏ ခေတ်မီ တိုးတက်ရေးလုပ်ငန်းစဉ်နှင့် ဒေသတွင်း တရားမဝင် မူးယစ်ဆေးဝါးများ မှောင်ခိုကုန်ကူးခြင်းကို စုံစမ်းထောက်လှမ်း၊ တားဆီးရေး အားထုတ်ကြိုးပမ်းမှုများကို အခိုင်အမာ အားပေးထောက်ခံသူဖြစ်သည်။ ယနေ့ကျင်းပသည့် အခမ်းအနား၌ MOU ကို ပြည့်စုံစေရန် ဖြည့်စွက်သည့် အနေဖြင့် ABF သည် မူးယစ်ဆေးဝါးစမ်းသပ်သည့်ပစ္စည်းများနှင့် မိုဘိုင်းနည်းပညာ ဆိုင်ရာ ပစ္စည်းများကို MCD ထံလက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ မူးယစ်ဆေးဝါး စမ်းသပ်သည့် ပစ္စည်းများသည် သံသယရှိသည့် ကုန်စည်များတွင် တရားမဝင် မူးယစ်ဆေးဝါးများကို စစ်ဆေးနိုင်ရန် MCD ၏ စွမ်းရည်ကို ပိုမိုကောင်းမွန်စေမည်ဖြစ်ပြီး၊ မိုဘိုင်းနည်းပညာဆိုင်ရာ ပစ္စည်းများသည် ရန်ကုန်ပင်လယ်ဆိပ်ကမ်းကဲ့သို့ လုပ်ငန်းဆောင်ရွက်ရသည့် ပတ်ဝန်းကျင်များတွင် ပိုမိုထိရောက် စွာ ဆက်သွယ်ဆောင် ရွက်နိုင်စေလိမ့်မည် ဖြစ်သည်။ ဤမိတ်ဖက်ဆောင်ရွက်မှုသည် ဒေသတွင်း၌ DIBP နှင့် အခြားသော တားဆီးနှိမ်နှင်းရေး အဖွဲ့များ၊ အကောက်ခွန်နှင့်လူဝင်မှုကြီးကြပ်ရေးအဖွဲ့အစည်းများ အကြား ထူထောင်ထားသည့် အပြန်အလှန်အကျိုးရှိသည့် ဆက်ဆံရေးများကို ပေါင်းဆုံ စေမည်ဖြစ်သည်။ Source; Australian Border Force