MACCS စနစ်အားသုံးစွဲနိုင်ရေးအတွက် မြဝတီနယ်စပ်ဒေသတွင် Briefing Session များစတင်ကျင်းပမည် ဖြစ်ကြောင်း အသိပေးကြေညာခြင်း

25/09/2017
MACCS စနစ်အား မြဝတီနယ်စပ်ဒေသတွင် အသုံးပြုနိုင်ရေးအတွက် အခြေခံသင်တန်း Briefing Session များအား (၁၁-၁၀-၂၀၁၇ ရက်နေ့နှင့် ၁၃-၁၀-၂၀၁၇ ရက်နေ့) တို့တွင် မြဝတီ၌ စတင်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။မြဝတီရှိ Customs Broker (အဝါကဒ်) ရရှိထား သူများ မပျက်မကွက်တက်ရောက်ရပါမည်။(Computer ယူလာရန်မလိုအပ်သေးပါ) အဝါကဒ် ကိုင်ဆောင်ထားသူများအနေဖြင့်(လုံးဝ) ပျက်ကွက်၍မရကြောင်း အလေးအနက်သတိပြု စေလိုပါသည်။ပျက်ကွက်ခဲ့ပါက User Registration ဆောင်ရွက်ချိန်တွင် အခက်အခဲများရှိလာ နိုင်ပါသည်။အခြားစိတ်ဝင်စားသော Importer/Expoter များနှင့် ပန်းရောင်ကဒ် ကိုင်ဆောင်ထားသူများကိုလည်း တက်ရောက်နိုင်ရန် စီစဉ်ပေးပါမည်။ အသေးစိတ် ကြေညာချက်များကိုလည်း ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။