အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ၏ ကြေညာချက်အမှတ် ( ၀၀၃ / ၂၀၂၄ )

နောက်ဆုံးထုတ်ပြန်ချက်များ

MACCS User များသိရှိနိုင်ပါရန်

၁။ အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ၊ Help Desk Section သည် MACCS စနစ်နှင့်ပတ်သက်၍ User များ၏ သိရှိလိုသည်များကို ရုံးဖွင့်ရက်များတွင် နံနက် (၀၉:၃၀) နာရီမှ ညနေ (၁၆း၃၀) နာရီထိ ဖုန်းနံပါတ် ၀၁-၃၇၉၄၂၉ မှတဆင့် ဖြေကြားပေးလျက် ရှိပါသည်။
၂။ မဟာသင်္ကြန်ရုံးပိတ်ရက်များအတွင်း MACCS User များအနေဖြင့် မေးမြန်း စုံစမ်းရန်ရှိပါက အခက်အခဲမရှိစေရေးအတွက် Help Desk Section ၏ လက်ကိုင်ဖုန်း နံပါတ် ၀၉-၆၇၅၆၀၈၇၇၇ သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းနှင့် ပုံမှန်ရုံးဖွင့်ရက် များတွင် ၀၁-၃၇၉၄၂၉ သို့ ပြန်လည်ခေါ်ဆိုမေးမြန်းနိုင်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။
၂။ သွင်းကုန်/ထုတ်ကုန်ဆောင်ရွက်သူများအနေဖြင့် လိုင်စင်ဆိုင်ရာ သတင်းအချက် အလက်များ စစ်ဆေးရန် JTS Service အားခေါ်ယူရာတွင် MACCS စနစ်အတွင်း လိုင်စင်ဆိုင်ရာ သတင်းအချက်အလက် ဝင်ရောက်မှုမရှိခြင်း၊ Update မဖြစ်ခြင်းများ ရှိပါက maccsmocapi@gmail.com သို့ ပေးပို့နိုင်ပါသည်။

MACCS ဌာနခွဲ