မြန်မာနိုင်ငံအကောက်ခွန်ဦးစီးဌာန၏နောက်ခံသမိုင်းကြောင်း
မြန်မာနိုင်ငံအကောက်ခွန်ဦးစီးဌာနကို မြန်မာဘုရင်များခေတ်ကတည်းက စတင်ဖွဲ့စည်းခဲ့သည်။ ၁၇၅၄ ခုနှစ်တွင် အလောင်းမင်းတရားကြီးသည် ဒဂုံ(ရန်ကုန်)ကို သိမ်းပိုက်ပြီးနောက် ၁၇၅၅ ခုနှစ်၊ မတ်လတွင် ဒဂုံသည် ခေတ်သစ်ဆိပ်ကမ်းဖြစ်လာခဲ့သည်။ အလောင်းဘုရားသည် အာမေးနီးလူမျိုးမစ္စတာဂျော်ဂျီအား အကောက်ခွန်အရာရှိအဖြစ်ခန့်အပ်ခဲ့ပြီး ထိုအချိန်က ရွက်လှေဆိပ်ကမ်း (သို့မဟုတ်) တော်ဝင်ဆိပ်ကမ်းအပါအဝင် ဆိပ်ကမ်း (၃) ခုသာရှိခဲ့သည်။ အကောက်ခွန်ဦးစီးဌာနကို စတင်တည်ထောင်ခဲ့စဉ်က အုတ်တိုင်၊ သစ်သား၊ ဝါးများဖြင့် ဆောက်လုပ်ထားသည့် တရုတ်နှစ်ထပ်အိမ်ပုံစံဖြင့် (ရန်ကုန်မြို့နယ်ရဲစခန်းနှင့် မြို့တော်ခန်းမအနီး) တည်ဆောက်ခဲ့ပါသည်။ အကောက်ခွန်ဦးစီးဌာနတွင် ကုန်လှောင်ရုံ၊ ဆိပ်ခံတံတားနှင့် ရုံးများပါဝင်ပြီး “Yadanapond Royal Treasury” ဟု ခေါ်တွင်ခဲ့ပါသည်။ ၁၇၆၀ ခုနှစ်၊ အလောင်းမင်းတရားကြီးကွယ်လွန်ပြီးနောက် တစ်နှစ်အကြာတွင် အကောက်ခွန်ဝန်ထောက် Mr.Gregory ကို ပုသိမ်မြို့တော်ဝန်အဖြစ် ပုသိမ်မြို့တွင် တာဝန်ခန့်အပ်ခဲ့ပါသည်။
၁၇၆၄ ခုနှစ်တွင် အလောင်းမင်းတရားကြီး၏မြေးတော်၊ ဆင်ဖြူရှင်မင်းတရားကြီး၏ သားတော်ဖြစ်သည့် စဥ့်ကူးမင်းအုပ်ချုပ်ခဲ့စဉ်တွင် အကောက်ခွန်ဆိပ်ကမ်းကို ယခင်နေရာမှ လသာလမ်းသို့ ဒုတိယအကြိမ်ပြောင်းရွှေ့၍ ထပ်မံဖွင့်လှစ်ခဲ့သည်။ Mr.Joseph Xavier Decurz သည် အကောက်ခွန်အရာရှိဖြစ်လာခဲ့ပါသည်။
၁၇၈၁ ခုနှစ်မှ ၁၈၁၉ ခုနှစ်အတွင်း ဘိုးတော်ဘုရား ထီးနန်းအုပ်ချုပ်သည့် ကုန်းဘောင်ခေတ်တွင် Mr.Roger သည် အကောက်ခွန်အရာရှိဖြစ်လာခဲ့သည်။ ထို့ပြင်မြန်မာလူမျိုးဉီးကျော်ရွေးအား အကောက်ခွန်အရာရှိကြီးအဖြစ် ခန့်အပ်ခဲ့၍ ၁၈၁၉ ခုနှစ်မှ ၁၈၃၇ ခုနှစ်ထိ ဘကြီးတော်မင်းတရားသည် စပိန်လူမျိုး Mr.Ignace Lancigo အား အကောက်ခွန်အရာရှိအဖြစ် ခန့်အပ်ထားခဲ့သည်။
မြန်မာ-ဗြိတိသျှ ပထမစစ်ကြီးအပြီး ၁၈၂၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး Sir Archibald Campbell သည် ရန်ကုန်ကို သိမ်းပိုက်ခဲ့ပါသည်။ ထို့နောက် အကောက်ခွန်အရာရှိ Mr.Ignace Lancigo အား ဖမ်းဆီးခဲ့၍ ရေတပ်မှ Mr.Inichol အား အကောက်ခွန်အရာရှိအဖြစ် ၁၈၂၆ ခုနှစ်ထိ တာဝန်ပေးအပ်ခဲ့သည်။ ရန္တပိုစာချုပ်အရ ရန်ကုန်ကိုပြန်လည်ရရှိပြီးသည့်နောက်တွင် မြန်မာအာဏာပိုင်များသည် Mr.Ignace Lancigo အား အကောက်ခွန်အရာရှိအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်စေခဲ့သည်။
၁၈၃၇ ခုနှစ် မှ ၁၈၄၆ ခုနှစ်အထိ သာယာဝတီဘုရင်အုပ်ချုပ်ခဲ့စဉ်ကာလတွင် အကောက်ခွန်ရုံးအား ရန်ကုန်မြို့၊ လမ်းမတော်လမ်းသို့ ပြောင်းရွှေ့ခဲ့ပါသည်။ ဒုတိယအကြိမ် မြန်မာ-ဗြိတိသျှ စစ်ကြီးဖြစ်ပွားပြီးသည့်နောက်တွင် Commodore Lambert သည် ရန်ကုန်ကို သိမ်းပိုက်ခဲ့၍ နီဂရိုးသွေးနှောလူမျိုး Mr.Robert Samuel Edward ကိုအကောက်ခွန်အရာရှိအဖြစ် ခန့်အပ်ခဲ့ပါသည်။ ထိုအချိန်မှစတင်ပြီး ရန်ကုန်အကောက်ခွန်ဆိပ်ကမ်းသည် အဆင့်မြင့်အကောက်ခွန်ဆိပ်ကမ်းအဖြစ် ပြောင်းလဲခဲ့၍ အောက်ဖော်ပြပါအပြည်ပြည်ဆိုင်ရာ အကောက်ခွန်လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းခဲ့ပါသည်-
(က) ပင်လယ်ရေကြောင်းဖြင့်သွားလာမည့် သင်္ဘောများ၏ စာရွက်စာတမ်းများကို နေထွက်ချိန်မှ နေဝင်ချိန်အတွင်း စစ်ဆေးဆောင်ရွက်ရန်၊
(ခ) လက်နက်များ၊ ခဲယမ်းများနှင့် အရက်များတင်သွင်းခြင်းအား တင်းကြပ်စွာ ပိတ်ပင်တားမြစ်ရန်၊
(ဂ) ကျွန်းသစ်၊ စပါးနှင့် ဆန်တို့ကဲ့သို့သော မြန်မာနိုင်ငံ၏အဖိုးတန်ကုန်ပစ္စည်းများကို သက်ဆိုင်ရာအာဏာပိုင်၏ ခွင့်ပြုချက်မပါဘဲ တင်ပို့ရောင်းချခြင်း မပြုရန်။
၁၈၅၂ ခုနှစ်တွင် ဗြိတိသျှအင်ပါယာ Lord Dalhousie ၏ဘုရင်ခံသည် Sir Arthur Phayre အား ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ဗြိတိသျှ-မြန်မာ Chief Commissioner အဖြစ်ရာထူး တိုးမြှင့်ပေးခဲ့သည်။ မြန်မာနိုင်ငံအကောက်ခွန်၏ စည်းမျဉ်းစည်းကမ်းဥပဒေများသည် ကလ္လကတ္တားအကောက်ခွန်၏ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိရမည်ဟု ၁၈၅၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် Sir Arthur Phayre မှ အမိန့်ထုတ်ပြန်ပြီးသည့်နောက်တွင် ရန်ကုန်ဆိပ်ကမ်းအား ဘားလမ်းထိပ်တွင် ပြောင်းရွှေ့ခဲ့၍ အကောက်ခွန်ရုံးအား ၁၉၅၃ ခုနှစ်တွင် ယခုမြန်မာ့အကောက်ခွန်ဦးစီးဌာန၏ တည်နေရာဖြစ်သော အမှတ် ၁၃၂၊ ကမ်းနားလမ်း၊ ရန်ကုန်တွင် သစ်သားဖြင့် တည်ဆောက်ခဲ့ပါသည်။ Sir Arthur Phayre အကောက်ခွန်အရာရှိဖြစ်လာပြီးနောက် သက်တမ်း (၁၅) နှစ်ရှိပြီဖြစ်သော အကောက်ခွန်အဆောက်အအုံအဟောင်းအားဖျက်သိမ်းပြီး ရုံးလုပ်ငန်းများနှင့်အညီ နှစ်ထပ်သစ်သားအဆောက်အအုံတစ်ခုကို တည်ဆောက်ခဲ့သည်။
၁၈၈၆ ခုနှစ်တွင် ဗြိတိသျှအစိုးရမှ မြန်မာပြည်အပြည့်အစုံကို ဗြိတိသျှအစိုးရ၏ ကိုလိုနီများထဲတွင် ပါဝင်ကြောင်းကြေငြာခဲ့ပြီး ပြည်ပမှ ရေကြောင်းလိုင်းများနှင့် ကုမ္ပဏီများမှ မြန်မာနှင့်ဆက်သွယ်မှုများ ပြုလုပ်လာခဲ့သည်။ ထို့နောက် P. Henderson Shipping Line သည် အင်္ဂလန်နှင့်မြန်မာကြား သာမန်ရေကြောင်းလိုင်းတစ်ခုဖြင့် သွားလာမှုများ ပြုလုပ်ခဲ့သည်။ ၁၈၆၉ ခုနှစ်တွင် Suez ချန်နယ် ဖွင့်လှစ်ပြီးနောက် အာရှ-ဥရောပရေကြောင်းခရီးစဉ်များလည်း ပိုမိုချောမွေ့ကောင်းမွန်လာခဲ့သည်။ New York မှ San Francisco သို့သွားသော တိုက်ကြီးလမ်းမကြီး Transcontinental Railway လည်း လုပ်ဆောင်လာခဲ့သဖြင့် အတ္လန်တိတ်-ပစိဖိတ် ရေကြောင်းဆက်သွယ်ရေးများမှာ တိုးတက်လာသည်။ ၂၀ ရာစုအစမှစ၍ ၁၉၁၃ ခုနှစ်တွင် ဒုဗိုလ်လွှတ်တော်ဝန် Sir Harvey Adamson သည် အကောက်ခွန်အရာရှိ Mr. Nicholson သည် သက်တမ်း (၄၄) နှစ်ရှိနေပြီဖြစ်သော Customs House ကို ဖျက်သိမ်းကာ ရုံးလုပ်ငန်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ဝန်ထမ်းများအား ပိုမိုထောက်ပံ့ပေးသွားနိုင်စေရန် လေးထပ်ပါရှိသည့်အဆောက်အဦးတစ်ခု တည်ဆောက်ရန် ခွင့်ပြုခဲ့သည်။ အဆိုပါဆောက်အအုံအသစ်ကို ၁၉၁၅ ခုနှစ် အကုန်တွင်ဖွင့်လှစ်ခဲ့သည်။
မြန်မာနိုင်ငံသည် အိန္ဒိယပြည်နယ်တစ်ခုအဖြစ် ၁၉၃၇ ခုနှစ်အထိ အင်္ဂလန်ဘုရင် King George အတွက် အခွန်များ ပေးသွင်းခဲ့ရပြီး မြန်မာနိုင်ငံအကောက်ခွန်အဖွဲ့ကိုလည်း King George Customs အဖွဲ့အဖြစ် ဖွဲ့စည်းခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် အကောက်ခွန်ဌာနကို ဘုရင်ခံ၏တိုက်ရိုက်ထိန်းချုပ်မှုအောက်ရှိ ဝန်ကြီးဌာနတစ်ခုအဖြစ် စီစဉ်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၃၇ ခုနှစ်၊ ဧပြီလ ၁ ရက်မှစတင်၍ ၁၉၃၅ ဗမာ အက်ဥပဒေ (Burma Act) အရ မြန်မာနိုင်ငံအစိုးရအား စည်းကြပ်အခွန်အုပ်ချုပ်ရေးကို ဗဟိုအခွန်ကော်မတီမှ လွှဲပြောင်းပေးခဲ့၍ အကောက်ခွန်အုပ်ချုပ်မှုအောက်တွင် ကြီးကြပ်ကွပ်ကဲစစ်ဆေးစေခဲ့ပြီး အောက်ပါဖွဲ့စည်းပုံအရ ဖွဲ့စည်းထားပါသည်-
“Burma Customs” အမည်အား အထူးအသုံးပြုလာခဲ့ပြီး Preventive Officer (PO) များ၏ ယူနီဖောင်းအား ၁၉၄၀ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ပြောင်းလဲခဲ့သည်။ ဒုတိယကမ္ဘာစစ်မီးမြန်မာပြည်သို့ ကူးစက်ပျံ့နှံ့လာသည့်အခါ ဂျပန်လေတပ်မှ ရန်ကုန်မြို့အား လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်။ ဂျပန်လေတပ်၏ ပြင်းထန်သည့် အဆိုပါလေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် Preventive Officer များသည် ၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အကောက်ခွန်ရုံးကို စွန့်လွှတ်ပြီး ရန်ကုန်မှထွက်ပြေးကြခဲ့သည်။ ထို့အပြင် ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army – BIA) က ၁၉၄၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ရာစုနှစ်ကျော်ရှိပြီဖြစ်သည့် ဗြိတိသျှအုပ်ချုပ်မှုအောက်ရှိ ရန်ကုန်မြို့ကို သိမ်းပိုက်ခဲ့သည်။
ထို့ကြောင့် သခင်ထွန်းအုပ်ဦးဆောင်သော Yangon Preservation Committee ကာလမတိုင်မီက အကောက်ခွန်ဦးစီးဌာနအား မဖွင့်လှစ်နိုင်ခဲ့သေးပါ။ ယခင်အကောက်ခွန်ဆိပ်ကမ်းများဖြစ်သော ဆူးလေဆိပ်ကမ်း၊ ဘရောက်ကင်းဆိပ်ကမ်း၊ ပန်းဆိုးတန်းဆိပ်ကမ်းနှင့် အရှေ့ပိုင်းများမှာ ဂျပန်တပ်မတော်၏ လက်အောက်သို့ ကျရောက်ခဲ့သည်။ ဂျပန်စစ်သားများမှ ထောက်ပံ့ပေးထားသည့် သင်္ဘောများဖြင့် ရေကြောင်းပို့ကုန်သွင်းကုန်များအား အကောက်ခွန်မှထိန်းချုပ်နိုင်ခဲ့သော်လည်း Custom House အား ပြန်လည်ဖွဲ့စည်းနိုင်ခြင်းမရှိသေးပါ။ ဒေါက်တာဘမော်အစိုးရက ရန်ကုန်ရှိ ရွှေတောင်ကြားလမ်းမှ အဆောက်အအုံတွင် Burma Customs ဟုအမည်ပေး၍ ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဗြိတိသျှခေတ်ကစတင်၍ ဦးကိုကိုကြီးအား အကောက်ခွန်အရာရှိအဖြစ် ခန့်အပ်ခဲ့သည်။ Burma Customs လက်အောက်ရှိဆိပ်ကမ်းများမှာ လမ်းမတော်ဆိပ်ကမ်းနှင့် ကြည့်မြင်တိုင်ဆိပ်ကမ်း နှစ်ခုသာရှိသည်။
လမ်းမတော်ဆိပ်ကမ်းတွင် တရုတ်ကုန်သည်များနှင့် ဂျပန်ကုန်သည်များသည် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြ၍ ကြည့်မြင်တိုင်ဆိပ်ကမ်းတွင် လိုအပ်သည့်စာရွက်စာတမ်းများ စစ်ဆေးဆောင်ရွက်သွားနိုင်ရန် ဘကြီးဖေမှလှူဒါန်းထားခဲ့သည့် ဆေးရုံအဟောင်းအား အကောက်ခွန်ရုံးအဖြစ် ဖွင့်လှစ်ခဲ့သည်။ ဂျပန်ခေတ်တွင် ဗမာ့အကောက်ခွန်သည် အခွန်ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်တွင်ရှိခဲ့သည်။ အဆိုပါ လေးထပ်အကောက်ခွန်ရုံးအား ဆေးရုံအဖြစ်သာမက ဂျပန် Kinpataing ရုံးအဖြစ် နှစ်မျိုးအသုံးပြုခဲ့သည်။
၁၉၄၅ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် မြန်မာတပ်မတော်သည် ရန်ကုန်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ ဗြိတိသျှများ မြန်မာပြည်အတွင်းဝင်ရောက်လာခဲ့ပြီးနောက် Civil Affair Service Burma (CASB) မှ မြန်မာပြည်အား အုပ်ချုပ်ခဲ့သည်။ ထိုစဉ် ကမ်းနားလမ်းရှိ လေးထပ်အကောက်ခွန်ရုံးကို အိန္ဒိယအလုပ်သမားများမှ တည်ဆောက်နေဆဲဖြစ်သောကြောင့် Commissioner of Port Office ၏ပထမထပ်တွင် အကောက်ခွန်ရုံးအဖြစ် ယာယီသတ်မှတ်ထားပါသည်။ သို့သော် ဘုရင်ခံ Mr. Dawman Smith မှ Civil Affair Service Burma (CASB) အမိန့်ဖြင့် အကောက်ခွန်ဉီးစီးဌာနကို ၁၉၄၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။ Preventive Officer (PO) အရာရှိများ ရောက်ရှိလာသော်လည်း ဒုတိယကမ္ဘာစစ်ဒဏ်ကြောင့် ပျက်စီးသွားသည့် လေးထပ်အကောက်ခွန်ဌာန၏ စိစစ်ရေးအပိုင်းကိုသာ ဖွင့်လှစ်ခဲ့ပါသည်။ ဒုတိယထပ်ရှိ Office of Mine Department အား ၁၉၄၇ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည်။
၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟူ၍ ဖြစ်လာပြီး Royal Customs သည် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ထိန်းချုပ်မှုအောက်တွင် မြန်မာအကောက်ခွန်ကော်မရှင်နာအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၁၉၅၇ တွင် မြန်မာ့အကောက်ခွန်ကို ပြန်လည်ဖွဲ့စည်းပြီး Commissioner of Customs အဖြစ် ပြောင်းလဲခဲ့သည်။
မြန်မာ့အကောက်ခွန်ဦးစီးဌာနအား တော်လှန်ရေးကောင်စီခေတ်မှ စတင်အသိအမှတ်ပြုဖွင့်လှစ်ခဲ့၍ ရုံးချုပ်တွင် Managing Director မှ Commissioner of Customs သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။ ထို့ပြင် Managing Director ရာထူးအား ညွှန်ကြားရေးမှူးချုပ် Director General သို့ ၁၉၇၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ပြောင်းလဲသတ်မှတ်ပေးခဲ့သည်။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ထိန်းချုပ်မှုအောက်တွင်ရှိသော အကောက်ခွန်ဦးစီးဌာနတွင် ဌာနခွဲခုနစ်ခုရှိပြီး “ရှင်းလင်းလွယ်ကူသော အကောက်ခွန်လုပ်ထုံးလုပ်နည်းများဖြင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရန်နှင့် ရသင့်ရထိုက်သောအခွန်ငွေများ ပြည့်ဝစွာရရှိစေရန်” ဟူသော ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များပါဝင်သည်။ အရာရှိများနှင့် ဝန်ထမ်းအင်အား စုစုပေါင်း (၂၃၀၀) ပါဝင်ပြီး အောက်ပါဖွဲ့စည်းပုံအရ ဖွဲ့စည်းထားပါသည်-
အောက်ဖော်ပြပါဇယားများသည် မြန်မာမင်းဆက်မှ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအထိ အကောက်ခွန်ဦးစီးဌာနအကြီးအကဲများစာရင်းဖြစ်သည်။