လျှပ်စစ်သုံးမော်တော်ယာဉ်များ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG ၊KM) နှင့် မြန်မာစက်မှုဆိပ်ကမ်း(MIP) သို့ ရောက်ရှိထုတ်ပေးခဲ့ခြင်း

LNews

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ESSENTIAL MOTORS Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New SEDAN (LHD) (Battery Electric Vehicle) Brand Name: BYD HAN EV၊ 2023 Mdl လျှပ်စစ်သုံးမော်တော်ယာဉ် (၁၄) စီးသည် ၁၈-၁၂-၂၀၂၃ ရက်နေ့တွင် လည်းကောင်း၊ Brand New WAGON (LHD) (Battery Electric Vehicle) Brand Name: BYD ATTO 3 EV၊ 2024 Mdl လျှပ်စစ်သုံးမော်တော်ယာဉ် (၈) စီးသည် ၁၉-၄-၂၀၂၄ ရက်နေ့တွင် လည်းကောင်း၊ SUPER SEVEN STARS MOTORS INDUSTRY Co.,Ltd မှ တင်သွင်းလာသော ကိုရီးယားနိုင်ငံထုတ် Brand New COMPACT CROSSOVER SUV (LHD) (Battery Electric Vehicle) Brand Name: KIA EV-6၊ 2024 Mdl လျှပ်စစ်သုံးမော်တော်ယာဉ် (၉) စီးသည် ၃-၁-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ အလားတူလျှပ်စစ်သုံးမော်တော်ယာဉ် (၁) စီးသည် ၃-၂-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ အသီးသီးရောက်ရှိခဲ့ပါသည်။ WIN MOTOR MYANMAR Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New WAGON (LHD) (Battery Electric Vehicle) Brand Name: FAW TOYOTA BZ4X၊ 2023 Mdl လျှပ်စစ်သုံးမော်တော်ယာဉ် (၃) စီးသည် ၁၈-၂-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ ရောက်ရှိခဲ့ပါသည်။ AUTO TOP POWER Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New WAGON (LHD) (Battery Electric Vehicle) Brand Name: DONG FENG HONDA ENS1၊ 2023 Mdl လျှပ်စစ်သုံး မော်တော်ယာဉ် (၃) စီးသည် ၂၆-၃-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ Brand New SUV (LHD) (Battery Electric Vehicle) Brand Name: FAW TOYOTA BZ4X၊ 2023 Mdl လျှပ်စစ်သုံး မော်တော်ယာဉ် (၂၀) စီးနှင့် Brand New WAGON (LHD) (Battery Electric Vehicle) Brand Name: DONG FENG HONDA ENS1၊ 2023 Mdl လျှပ်စစ်သုံးမော်တော်ယာဉ် (၁၇) စီးတို့သည် ၁၂-၄-၂၀၂၄ ရက်နေ့တွင် မြန်မာစက်မှုဆိပ်ကမ်း (MIP) သို့ အသီးသီးရောက်ရှိခဲ့ပါသည်။ ၎င်းစုစုပေါင်းလျှပ်စစ်သုံးမော်တော်ယာဉ် (၇၅) စီးတို့အား ၂-၅-၂၀၂၄ ရက်နေ့တွင် ပူးပေါင်း စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

 

သတင်းစဥ်