အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် INNOGEN MYANMAR Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New SUV (LHD) (Battery Electric Vehicle) Brand Name: GAC TOYOTA BZ4X ၊ 2024 Mdl လျှပ်စစ်သုံးမော်တော်ယာဉ် (၃၀) စီးသည် ၁၁-၃-၂၀၂၄ ရက်နေ့ တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့လည်းကောင်း၊ ASIA PACIFIC AUTOMAKER CORPORATION Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New WAGON (LHD) (Battery Electric Vehicle) Brand Name: DONGFENG VOYAH FREE ၊ 2023 Mdl လျှပ်စစ်သုံးမော်တော်ယာဉ် (၁၂) စီးနှင့် Brand New SEDAN (LHD) (Battery Electric Vehicle) Brand Name: DONGFENG VOYAH PASSION ၊ 2023 Mdl လျှပ်စစ်သုံးမော်တော် ယာဉ် (၂) စီးတို့သည် ၂၆-၁၂-၂၀၂၃ ရက်နေ့တွင်လည်းကောင်း၊ Brand New WAGON (LHD) (Battery Electric Vehicle) Brand Name: DONGFENG NISSAN ARIYA ၊ 2024 Mdl လျှပ်စစ်သုံး မော်တော်ယာဉ် (၁၇) စီးသည် ၁၂-၄-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ MYANMAR ARR THIT MAN MOTOR Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New SEDAN (LHD) (Battery Electric Vehicle) Brand Name: CHANGAN DEEPAL SL03 ၊ 2024 Mdl လျှပ်စစ်သုံး မော်တော်ယာဉ် (၁၀) စီးတို့သည် ၁၁-၄-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ အသီးသီးရောက်ရှိခဲ့ပါသည်။ DONGFENG MOTOR CORPORATION LIMITED မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Brand New SALOON (LHD) (Battery Electric Vehicle) Brand Name: FAW TOYOTA BZ3 ၊ 2024 Mdl လျှပ်စစ်သုံးမော်တော်ယာဉ် (၁၈) စီးသည် ၂၉-၄-၂၀၂၄ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ) (MITT) သို့ရောက်ရှိခဲ့ပြီး ၎င်းစုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၈၉) စီးတို့အား ၃-၅-၂၀၂၄ ရက်နေ့တွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ် ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။
သတင်းစဥ်