လျှပ်စစ်သုံးမော်တော်ယာဉ် မြန်မာစက်မှုဆိပ်ကမ်း (MIP) သို့ ရောက်ရှိ ထုတ်ပေးခဲ့ခြင်း

LNews

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် MANDALAY TECHNOLOGY AND DEVELOPMENT Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Educational Training Equipment ၊ Brand New Hatchback (LHD)(Battery Electric Vehicle) Brand Name: BYD E2 ၊ 2023 Mdl လျှပ်စစ်သုံးမော်တော်ယာဉ် (၁) စီးသည် ၉-၂-၂၀၂၄ ရက်နေ့တွင် မြန်မာစက်မှုဆိပ်ကမ်း (MIP) သို့ရောက်ရှိလာပြီး ၎င်းလျှပ်စစ်သုံးမော်တော်ယာဉ် (၁) စီးအား ၂၄-၄-၂၀၂၄ ရက်နေ့ တွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ထုတ်ယူ ခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုအတွက် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထား ကြောင်း သတင်းရရှိပါသည်။

 

သတင်းစဥ်