လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးမော်တော်ယာဉ်အားသွင်းစက်များ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG)၊ အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) နှင့် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ ရောက်ရှိထုတ်ပေးခဲ့ခြင်း

သတင်းများ

1
2
3
4
5
6
7
8
9
10
11

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် PREMIER AUTOMOTIVE CO.,LTD မှ တင်သွင်းလာ သော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: GEELY GEOMETRY E၊ 2024 MDL၊ C/O: China – (6) U သည် ၆-၅-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ (8) U သည် ၁၀-၆-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ AUNG GABAR MOTOR SERVICES CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW ELECTRIC VEHICLE CHARGER၊ BRAND NAME: ARCFOX၊ Model No: AFA12A2၊ C/O: CHINA – (6) U သည် ၁၀-၉-၂၀၂၄ ရက်နေ့တွင် လည်းကောင်း ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့အသီးသီးရောက်ရှိခဲ့ပါ သည်။ UNITRUST ENTERPRISE GROUP OF CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် BRAND NEW SUV (LHD)၊ BRAND NAME: AIQAR ICAR03၊ 2024 MDL၊ C/O: CHINA – (6) U နှင့် BRAND NEW SUV (LHD)၊ BRAND NAME: AIQAR EQ7၊ 2024 MDL၊ C/O: CHINA – (4) U သည် ၂၃-၁၁-၂၀၂၄ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ရောက်ရှိခဲ့ပါသည်။ QINGDAO CRRC SIFANG ROLLING STOCK CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: DONGFENG NISSAN ARIYA၊ 2024 MDL၊ C/O: CHINA – (5) U နှင့် တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: GAC TOYOTA BZ4X၊ 2024 MDL၊ C/O: CHINA – (1) U တို့သည် ၂၆-၁၁-၂၀၂၄ ရက်နေ့တွင် မြန်မာ့ စက်မှုဆိပ်ကမ်း (MIP) သို့ရောက်ရှိခဲ့ပါသည်။ အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၄) စီး နှင့် လျှပ်စစ်သုံးမော်တော်ယာဉ်အားသွင်းစက် (၆) ခုအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) ၌လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၀) စီးအား အေးရှားဝေါလ် ဆိပ်ကမ်း (AWPT) ၌လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၆) စီးအား မြန်မာ့စက်မှု ဆိပ်ကမ်း (MIP) ၌လည်းကောင်း အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ် များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန် ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး စုစုပေါင်း လျှပ်စစ်သုံးမော်တော် ယာဉ် (၃၀) စီးနှင့် လျှပ်စစ်သုံးမော်တော်ယာဉ်အားသွင်းစက် (၆) ခုတို့အား ၅-၁၂-၂၀၂၄ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။