MACCS Online Payment System အား မြဝတီနှင့် တာချီလိတ်နယ်စပ်ဒေသများတွင် ၁-၁-၂၀၂၅ ရက်နေ့မှစတင်၍ အသုံးပြု

သတင်းများ

၁။      အကောက်ခွန်ဦးစီးဌာနတွင် MACCS စနစ်အား အသုံးပြု၍ ကုန်ပစ္စည်းရှင်းလင်းထုတ် ယူသည့်လုပ်ငန်းစဥ်များ အတွက် အခွန်ငွေပေးဆောင်ရာတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် Deposit Payment ၊ Direct Payment တို့အပြင် Mobile banking ၊ Internet Banking တို့မှတစ်ဆင့် Online Payment ဖြင့် အခွန်ငွေပေးဆောင်နိုင်ရန်အတွက် AYA Bank ၊ KBZ Bank ၊ CB Bank တို့နှင့် ပူးပေါင်းပြီး MACCS Online Payment System အား ၂၃-၀၅-၂၀၂၃ ရက်နေ့မှစတင်၍ ( ရန်ကုန်ဧရိယာ၊ သီလဝါ အထူးစီးပွားရေးဇုန် ) ၌ အသုံးပြုဆောင်ရွက်ခဲ့ပါ သည်။

၂။       ယခုအခါ MACCS Online Payment System အား မြဝတီ နှင့် တာချီလိတ်‌ နယ်စပ် ဒေသများတွင် ၁-၁-၂၀၂၅ ရက်နေ့မှစတင်၍ အသုံးပြုသွားမည်ဖြစ်ပါသည်။

၃။      MACCS Online Payment System တွင် မိမိတို့၏ Mobile banking ၊ Internet Banking များမှတစ်ဆင့် Payment Statement Information ရရှိပြီးသည့် Import / Export Declaration No. များအား ကျသင့်အခွန်ငွေ တိုက်ရိုက်ပေးဆောင်ခြင်း (Direct Payment) နှင့် MACCS စနစ်ရှိ Deposit Account ထဲသို့ ငွေထပ်မံဖြည့်သွင်းခြင်း (Deposit Addition Only) လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။