လျှပ်စစ်သုံးမော်တော်ယာဉ်များ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း

သတင်းများ
၁
၂
၃
၄

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် N.P.K MOTORS CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: MG, MG4 (MULAN)၊ 2024 MDL၊ C/O: CHINA – (5) U သည်လည်းကောင်း၊ BRAND NEW HATCHBACK (LHD)၊ BRAND NAME: MG, MG4 (MULAN)၊ 2024 MDL၊ C/O: CHINA – (4) U သည်လည်းကောင်း ၃၀-၇-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်း (Dry Port – RG) သို့ အသီးသီးရောက်ရှိခဲ့ပါသည်။  အဆိုပါ Import Declaration ဖွင့်လှစ် ခဲ့သည့် လျှပ်စစ်သုံးမော်တော်ယာဉ် (၉) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) ၌ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန် လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂၀-၂-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါသည်။ အဆိုပါတင်သွင်းမှုများအတွက် အခွန် ကင်းလွတ်ခွင့်ပြုထားပါကြောင်း သတင်းရရှိပါသည်။