အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် AUNG GABAR MOTOR SERVICES CO.,LTD မှ တင်သွင်းလာသော တရုတ် နိုင်ငံထုတ် BRAND NEW ELECTRIC VEHICLE CHARGER၊ BRAND: GRASEN၊ MODEL: GSCS 120RY2-GG၊ C/O: CHINA – (3) U သည်လည်းကောင်း၊ တရုတ်နိုင်ငံထုတ် BRAND NEW ELECTRIC VEHICLE CHARGER၊ BRAND: GRASEN၊ MODEL: GSCS 140RY2-GG၊ C/O: CHINA – (2) U နှင့် တရုတ်နိုင်ငံထုတ် Brand New Electric Vehicle Spare Parts၊ Brand Name : BAIC BEIJI NG EU5 PLUS၊ C/O – China – 8 Pkgs (113 Items) တို့သည် ၅-၄-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ အသီးသီး ရောက်ရှိလာခဲ့ပါသည်။ DAGON ARR MAHN THIT CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် BRAND NEW MPV (LHD)၊ BRAND NAME: SAIC MAXUS MIFA 5၊ 2024 MDL၊ C/O: CHINA – (5) U နှင့် တရုတ်နိုင်ငံထုတ် BRAND NEW MPV (LHD)၊ BRAND NAME: SAIC MAXUS MIFA 9၊ 2024 MDL၊ C/O: CHINA – (15) U တို့သည် ၂၆-၁၀-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့လည်းကောင်း အသီးသီးရောက်ရှိလာခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့ သည့် လျှပ်စစ်သုံးမော်တော်ယာဉ်အားသွင်းစက် (၅)ခု အားလည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် များအတွက် Spare Parts (၁၁၃ မျိုး – ၃၂ ခု နှင့် ၄၂၁.၆၅ ကီလီုဂရမ်) အားလည်းကောင်း ၁၁-၄-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ အကောက်ခွန်စစ်ဆေးရေးအဖွဲ့ဖြင့် လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၂၀)စီး သည် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) ၌ ၁၆-၃-၂၀၂၅ ရက်နေ့တွင်လည်းကောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များ အတွက်ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၁-၄-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါ ကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။