လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များနှင့်လျှပ်စစ်သုံးမော်တော်ယာဉ်များ သီလဝါဆိပ်ကမ်း (MITT) နှင့်အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း

သတင်းများ
1
2
3
4
5
6
7
8

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် HTET WAI YAN HEIN CO.,LTD မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: FAW VOLKSWAGEN ID6 PRO CROZZ၊ 2024 MDL C/O: CHINA–(9) U သည် ၁၅-၄-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့ လည်းကောင်း၊ AUNG KAN BO MOTORCYCLE INDUSTRIAL CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW MOTOR CYCLE WITH CHARGING ADAPTOR (BATTERY ELECTRIC VEHICLE)၊ BRAND NAME: KENBO၊ MODEL NO: KB1500DT-36B/T၊ 2024 MDL၊ C/O: CHINA – (445) U သည် ၁-၅-၂၀၂၅ ရက်နေ့၊ GRAND SIRIUS CO.,LTD မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: NETA X၊ 2025 MDL၊ C/O: CHINA– (30) U သည် ၂၈-၄-၂၀၂၅ ရက်နေ့၊ N.P.K. MOTORS CO.,LTD မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: MG,MG4 (MULAN)၊ 2024 MDL၊ C/O: CHINA–(20) U သည် ၁၂-၄-၂၀၂၅ ရက်နေ့နှင့် WIN MOTOR MYANMAR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: FAW VOLKS WAGEN ID6 PRO CROZZ၊ 2024 MDL၊ C/O: CHINA– (12) U သည် ၁၂-၃-၂၀၂၅ ရက်နေ့တို့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်းကောင်း အသီးသီးရောက်ရှိလာခဲ့ ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော်ယာဉ် (၉) စီးအား သီလဝါဆိပ်ကမ်း (MITT) ၌ ၅-၅-၂၀၂၅ ရက်နေ့တွင် လည်းကောင်း၊ လျှပ်စစ်သုံး မော်တော်ဆိုင်ကယ် (၄၄၅) စီးအား ၉-၅-၂၀၂၅ ရက်နေ့နှင့် လျှပ်စစ်သုံးမော်တော်ယာဉ် (၃၀) စီးအား အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၇-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၂၀) စီးအား ၂၅-၄-၂၀၂၅ ရက်နေ့ တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၂) စီးအား ၂၅-၄-၂၀၂၅ ရက်နေ့တွင် လည်းကောင်း၊ စုစုပေါင်းလျှပ်စစ် သုံးမော်တော်ဆိုင်ကယ် (၄၄၅) စီးနှင့် လျှပ်စစ်သုံးမော်တော်ယာဉ် (၇၁) စီးအား ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံး မော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၉-၅-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများ အတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။