လျှပ်စစ်သုံးမော်တော်ယာဉ်များ အေးရှားဝေါလ်ဆိပ်ကမ်း (AWPT)၊ သီလဝါဆိပ်ကမ်း(MITT)နှင့် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port –KM) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း

သတင်းများ

1
2
3
4
5
6
7
8
9
10
11
12

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် SEVEN STARS MOTORS INDUSTRY CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW ELECTRIC VEHICLE CHARGER၊ BRAND: PINGALAX၊ MODEL: PCAC-J4-7/230-A၊ C/O: CHINA – (30)U၊ BRAND: PINGALAX၊ MODEL: PCAC-J4-22/230-A၊ C/O: CHINA –(36) U နှင့် BRAND: PINGALAX၊ MODEL: PCDC-YZ2-60/1K-A၊ C/O: CHINA – (9)U တို့သည် ၅-၄-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ လည်းကောင်း၊ HTET WAI YAN HEIN CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: ID 6 PRO CROZZ၊ 2024 MDL၊ C/O: CHINA – (12) U သည် ၂-၅-၂၀၂၅ ရက်နေ့တွင် သီလဝါ ဆိပ်ကမ်း (MITT) သို့လည်းကောင်း၊ ASIA PACIFIC AUTOMAKER CORPORATION CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: DONG FENG BOX၊ 2024 MDL၊ C/O: CHINA – (45) U သည် ၁၂-၄-၂၀၂၅ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port-KM) သို့ လည်းကောင်း အသီးသီးရောက်ရှိလာခဲ့ ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော် ယာဉ်အားသွင်း စက် (၇၅) ခုသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၁၅-၅-၂၀၂၅ ရက်နေ့တွင် အကောက်ခွန်စစ်ဆေးရေးအဖွဲ့ဖြင့် လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၂)စီး သည် သီလဝါဆိပ်ကမ်း (MITT) ၌ ၇-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော် ယာဉ် (၄၅) စီး သည် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) ၌ ၁၅-၅-၂၀၂၅ ရက် နေ့တွင်လည်းကောင်း၊ စုစုပေါင်းလျှပ်စစ်သုံးမော်တော်ယာဉ်(၅၇)စီးအား ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင် ရွက်ရေး ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံး မော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန် လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၅-၅-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှု များအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။