လျှပ်စစ်သုံးမော်တော်ယာဉ်များ အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) နှင့် သီလဝါဆိပ်ကမ်း(MITT) များသို့ရောက်ရှိထုတ်ပေးခဲ့ခြင်း

သတင်းများ

1
2
3
4
5
6
7
8

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် 99 MYANMAR CO.,LTD မှ တင်သွင်းလာသော တရုတ် နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: GAC AION Y (Y PLUS PREMIUM)၊ 2024 MDL၊ C/O: CHINA – (24) U သည် ၂၉-၄-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ် ဆိပ်ကမ်း (AWPT) သို့လည်းကောင်း၊ THE GREAT MERGER CO.,LTD မှ တင်သွင်းလာသော တရုတ် နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: AVATR 11A၊ 2024 MDL၊ C/O: CHINA – (10) U နှင့် BRAND NEW SUV (LHD)၊ BRAND NAME: AVATR 11A၊ 2024 MDL၊ C/O: CHINA – (10) U တို့သည် ၂-၅-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း အသီးသီး ရောက်ရှိလာခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော် ယာဉ် (၂၄) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ လည်းကောင်း၊ လျှပ်စစ်သုံး မော်တော်ယာဉ် (၂၀) စီးသည် သီလဝါဆိပ်ကမ်း(MITT) ၌လည်းကောင်း၊ စုစုပေါင်းလျှပ်စစ်သုံး မော်တော်ယာဉ် (၄၄) စီးအား ၉-၅-၂၀၂၅ ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော် ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၆-၅-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။