လေလံတင်ရောင်းချမည့်ရက်ကြော်ငြာခြင်း

နောက်ဆုံးထုတ်ပြန်ချက်များ

အကောက်ခွန်ကြေညာလွှာတင်သွင်းသူများ သိရှိနိုင်ပါရန်

၁။ ကော့သောင်းမြို့နယ်၊ အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း ထားသော ငါးဖမ်းပိုက် (72) Pkgs၊ ငါးဖမ်းကြိုးခွေ (83) Rolls နှင့် ရေလုံအိတ် (49) Bags အား လေလံတင်ရောင်းချမည်ဖြစ်၍ စိတ်ပါဝင်စားသော ပြင်ပပုဂ္ဂိုလ်များသည် လေလံပုံစံများကို တစ်စုံလျှင် ၅၀၀၀/- ( ကျပ် ငါးထောင် တိတိ ) ဖြင့် မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံး၊ ကော့သောင်းမြို့တွင် ငွေပေးသွင်းပြီး လျှောက်လွှာများ ဝယ်ယူနိုင်ပါကြောင်း ကြေညာအပ်ပါသည်။
(က) လေလံတင်ရောင်းချမည့်ရက် – (၂၂.၄.၂၀၂၄) ရက်၊ တနင်္လာနေ့
(ခ) လေလံတင်ရောင်းချမည့်အချိန် – ( ၁၀ : ၃၀ ) နာရီ
(ဂ) လေလံတင်ရောင်းချမည့်နေရာ – မြို့နယ်အကောက်ခွန်ဦးစီးဌာန
အဏ္ဏဝါရပ်ကွက်၊ ကော့သောင်းမြို့။
(ဃ) လေလံပုံစံရောင်းချမည့်ရက် – (၈.၄.၂၀၂၄) ရက်မှ (၁၂.၄.၂၀၂၄) ရက်အထိ
(ရုံးချိန်အတွင်း)
၂။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ ကော့သောင်းမြို့၊ ဖုန်း- ၀၅၉ ၅၁၀၀၅ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

မြို့နယ်အကောက်ခွန်ဦးစီးဌာန

ကော့သောင်းမြို့