လျှပ်စစ်သုံးမော်တော်ယာဉ်များ သီလဝါဆိပ်ကမ်း(MITT) သို့ရောက်ရှိ

News

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် WIN MOTOR MYANMAR CO.,LTD မှတင်သွင်း လာသော B/N : SUV (LHD) FAW VOLKSUANGEN, MODEL : 2025၊ C/O : CHINA 9(U)သည် ၃၀-၆-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း(MITT)သို့ ရောက်ရှိလာပါသည်။ အဆိုပါလျှပ်စစ်မော်တော်ယာဉ်(၉)စီးသည် သီလဝါဆိပ်ကမ်း(MITT)၌ ၇-၇-၂၀၂၆ ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှု ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာ လွှာပါခွင့်ပြုချက်များနှင့် တိုက်ဆိုင် စစ်ဆေးခဲ့ပြီး ၁၆-၇-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်း များနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါ ကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံထားရှိပါကြောင်း သတင်းရရှိပါသည်။