အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် FARA MYANMAR EV CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: GAC TOYOTA BZ3X၊ 2025 MDL၊ MOTOR CAPACITY: 150 KW၊ BATTERY CAPACITY: 50.03 KWH၊ BATTERY TYPE: LITHIUM ION၊ C/O: CHINA – (20)U သည် ၄-၁၀-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း(AWPT) သို့လည်းကောင်း၊ AMAZING AUTO CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: GAC TOYOTA BZ4X၊ 2025 MDL၊ MOTOR CAPACITY: 150 KW၊ BATTERY CAPACITY: 67.523 KWH၊ BATTERY TYPE: LITHIUM ION၊ C/O: CHINA – (6)U သည် ၄-၁၀-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ လည်းကောင်း၊ GRAND SIRIUS CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: BYD E2၊ 2025 MDL၊ MOTOR CAPACITY: 70 KW၊ BATTERY CAPACITY: 43.2 KWH၊ BATTERY TYPE: LITHIUM ION၊ C/O:CHINA – (9)U သည် ၄-၁၀-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်း ကောင်း ရောက်ရှိလာခဲ့ပါသည်။ လျှပ်စစ်သုံးမော်တော်ယာဉ် (၃၅) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း(AWPT) ၌ ၁၀-၁၀-၂၀၂၅ ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှု ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၂-၁၀-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။