လျှပ်စစ်သုံးမော်တော်ယာဉ်များ နှင့် လျှပ်စစ်သုံး ၂ ဘီး/ ၃ ဘီးမော်တော်ဆိုင်ကယ်များ သီလဝါဆိပ်ကမ်း(MITT) သို့ ရောက်ရှိထုတ်ပေးခဲ့ခြင်း

News

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် G-ENERGY PLUS MYANMAR CO.,LTD မှ တင်သွင်းလာသော တရုတ် နိုင်ငံထုတ် BRAND NEW MOTOR CYCLE WITH CHARGING ADAPTOR (THREE WHEEL)၊ BRAND NAME: YADEA၊ 2025 MDL၊ MODEL NO: C16၊ MOTOR CAPACITY: 650 W၊ BATTERY CAPACITY: 72V23AH၊ AXLE: 2 AXLE၊ AXLE CAPACITY: F:100 KG, R: 214 KG၊ BATTERY TYPE: GRAPHENE၊ C/O: CHINA – (39)U နှင့် BRAND NEW MOTOR CYCLE WITH CHARGING ADAPTOR (TWO WHEEL)၊ BRAND NAME: YADEA၊ 2025 MDL၊ MODEL NO: MODERN၊ MOTOR CAPACITY: 400 W၊ BATTERY CAPACITY: 48V23AH၊ BATTERY TYPE: GRAPHENE၊ C/O: CHINA – (128) U တို့သည် ၉-၁၀-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း‌‌ (MITT) သို့လည်းကောင်း၊ TAKHON LIN LATT CO.,LTD မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: GAC TOYOTA BZ4X၊ 2025 MDL၊ MOTOR CAPACITY: 150 KW၊ BATTERY CAPACITY: 67.52 KWH၊ BATTERY TYPE: TERNARY LITHIUM ION BATTERY၊ C/O: CHINA – (14)U သည် ၉-၁၀-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း‌ ‌(MITT) သို့ရောက်ရှိလာခဲ့ပါသည်။ လျှပ်စစ်သုံး ၂ ဘီး/၃ ဘီးမော်တော်ဆိုင်ကယ် (၁၆၇) စီးသည် သီလဝါဆိပ်ကမ်း‌(MITT) ၌ ၁၄-၁၀-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၄)စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၁၀-၁၀-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထား သည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၅-၁၀-၂၀၂၅ ရက်နေ့တွင်လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါ ကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။