လျှပ်စစ်သုံမော်တော်ဆိုင်ကယ်များနှင့် လျှပ်စစ်သုံမော်တော်ယာဉ်များ မြန်မာ့စက်မှုဆိပ်ကမ်း (MIP)၊ အေးရှားဝေါလ်ဆိပ်ကမ်း (AWPT)နှင့် သီလဝါဆိပ်ကမ်း (MITT) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း

News

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် NCX MYANMAR CO.,LTD မှတင်သွင်းလာသော B/N SEDAN (LHD) BRAND NAME DONGFENG (AEOLUS) E70 B/N ELECTRIC MOTORCYCLE WITH LI-ION BATTERY AND CHARGER ADAPTER BRAND NAME (WUYANG HONDA) MODEL NO WH1200DT-11(U-GO) MODEL 2026၊ C/O CHINA 48 (U) သည် ၅-၇-၂၀၂၆ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ လည်းကောင်း၊ EV POWER CO.,LTD မှတင်သွင်းလာသော B/N CROSSOVER SUV (LHD) BRAND NAME BYD SONG L MODEL 2025၊ C/O CHINA 9(U) သည် ၂-၆-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ လည်းကောင်း၊ MYANMAR ARR THIT MAN MOTOR CO.,LTD မှတင် သွင်းလာသော B/N SUV (LHD) BRAND NAME CHANGAN DEEPAL S07 MODEL 2025၊ C/O CHINA 8(U) သည် ၃၀-၆-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ လည်းကောင်း၊ ESSENTIAL MOTORS CO., LTD မှတင်သွင်းလာသော B/N WAGON (LHD) BRAND NAME BYD ATTO2 EV MODEL 2025၊ C/O CHINA 1(U) သည် ၂၈-၆-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်းကောင်း၊ AUTO TOP POWER CO.,LTD မှ တင်သွင်းလာသော B/N SUV (LHD) BRAND NAME DONGFRNG NAMMI 06 MODEL 2025၊ C/O CHINA 17 (U) သည် ၁၉-၆-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း အသီးသီးရောက်ရှိလာကြပါသည်။
လျှပ်စစ်မော်တော်ဆိုင်ကယ် (၄၈)စီးသည် မြန်မာ့စက်မှုဆိပ်ကမ်း(MIP) ၌ ၁၀-၇-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်မော်တော်ယာဉ် (၁၇) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၁၀-၇-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်မော်တော်ယာဉ် (၁) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT)၌ ၇-၇-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်မော်တော် ယာဉ် (၁၇) စီးသည် သီလဝါဆိပ်ကမ်း (MITT)၌ ၂၅-၆-၂၀၂၆ ရက်နေ့တွင်လည်းကောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှု ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ် ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေး ခဲ့ပြီး ၁၃-၇-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံထားရှိပါကြောင်း သတင်းရရှိပါသည်။