တာချီလိတ်နယ်စပ်ဒေသ၌ MACCS (Myanmar Automated Cargo Clearance System) စတင်ကျင့်သုံးခြင်း ဖွင့်ပွဲအခမ်းအနားအား (၂၂-၃-၂၀၂၄) ရက်နေ့ နံနက် ဝ၉:ဝ၀ နာရီတွင် အမှတ် (၂) မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတား၌ ဖဲကြိုးဖြတ်ဖွင့်လှစ်၍ကျင်းပခဲ့ပါ သည်။ အဆိုပါဖွင့်ပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးချုပ် ဦးတင်ကိုထက်မှ MACCS စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည့် အစိုးရဌာနဆိုင်ရာများနှင့် တက်ရောက်လာသည့် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအား အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ “တာချီလိတ်နယ်စပ်ဒေသ၌ MACCS စနစ် စတင်အသုံးပြုခြင်း” အခမ်းအနားကို ဒုတိယဝန်ကြီးနှင့်အဖွဲ့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ဦးဆောင်သည့် အဖွဲ့ဝင်များသည် MACCS စနစ်အသုံးပြုနေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ ပြန်လည်ထွက်ခွာသွားပြီး ဖွင့်ပွဲ အခမ်းအနားကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။