ဆုံးရှံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၏ ၁/၂၀၂၅ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

ဆုံးရှံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၏ ၁/၂၀၂၅ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း ၁။           ဆုံးရှံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့၏ (၁/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့၊ နံနက် ၁၁း၀၀ နာရီ အချိန်တွင် အကောက်ခွန်ဦးစီးဌာန (ရုံးချုပ်) ရှိ အစည်းအဝေးခန်းမ (၁) တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ၂။            အဆိုပါအစည်းအဝေးအား အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဌာနအသီးသီးမှ ကိုယ်စားလှယ်များနှင့် လုပ်ငန်း အဖွဲ့တာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးအား Hybrid Meeting စနစ် (In Person + Online Virtual) ဖြင့် ကျင်းပခဲ့ရာ In Person (၂၈) […]

Continue Reading

အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (Authorized Economic Operators-AEO) အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (Authorized Economic Operators-AEO) အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခြင်းအခမ်းအနားကို ၂၀-၁၁-၂၀၂၄ ရက်နေ့၊ နံနက် (၀၉း၀၀) နာရီတွင်  ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူအစီအစဉ်နှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေနှင့် မြန်မာနိုင်ငံစက်မှုကုန်ထုတ် လုပ်သူများအသင်း၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာခင်မောင်ဦးတို့က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ အခမ်းအနားတွင် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ကုမ္ပဏီလုပ်ငန်းရှင်များ စုစုပေါင်း (၁၃၇) ဦး တက်ရောက်ကြသည်။ AEO Program ကို ကမ္ဘာ့အကောက်ခွန်အဖွဲ့ (WCO) မှ ကုန်သွယ်မှုလွယ်ကူချောမွေ့ စေရေးနှင့် လုံခြုံမှုရှိစေရန်အတွက် ကုန်သွယ်မှုဆိုင်ရာ လုံခြုံမှုမူဘောင် (Safe Framework of Standard)၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ […]

Continue Reading

အကောက်ခွန်အရာရှိများအားငွေကြေးခဝါချမှုတိုက်ဖျက်ရေးအသိပညာပေးသင်တန်းပို့ချခြင်း

၉-၁၁-၂၀၂၄ ရက်နေ့တွင် အကောက်ခွန်ဦးစီးဌာန၊ အကောက်ခွန်သင်တန်းကျောင်း၊ ရန်ကုန်မြို့၌ အကောက်ခွန်အရာရှိများအနေဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ပိုမိုသိရှိနားလည်ပြီး လုပ်ငန်းခွင်အတွင်း ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အသိပညာပေးသင်တန်းအား ကျင်းပခဲ့ရာ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်စိုးမှ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဘာသာရပ်နှင့် အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဦးသူရိန်အောင်မှ ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးခြင်း ဘာသာ ရပ်အားလည်းကောင်း သင်ကြားပို့ချဆွေးနွေးခဲ့ပါသည်။ အဆိုပါ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး အသိပညာပေးသင်တန်းသို့ အကောက်ခွန်ဦးစီးဌာန (ရုံးချုပ်) ရှိ ဌာနခွဲ အသီးသီးမှ အကောက်ခွန်အရာရှိ (၇၀) ဦး တို့သည် အကောက်ခွန်သင်တန်းကျောင်း ခန်းမတွင် လူကိုယ်တိုင်ဖြင့်လည်းကောင်း၊ နယ်မြေအသီးသီး ရှိ အကောက်ခွန်အရာရှိ (၄၀)ဦးတို့သည် Online Virtual စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ပါသည်။

Continue Reading

တာချီလိတ်နယ်စပ်ဒေသတွင် MACCS (Myanmar Automated Cargo Clearance System) စတင်ကျင့်သုံးခြင်း ဖွင့်ပွဲအခမ်းအနား

တာချီလိတ်နယ်စပ်ဒေသ၌ MACCS (Myanmar Automated Cargo Clearance System) စတင်ကျင့်သုံးခြင်း ဖွင့်ပွဲအခမ်းအနားအား (၂၂-၃-၂၀၂၄) ရက်နေ့ နံနက် ဝ၉:ဝ၀ နာရီတွင် အမှတ် (၂) မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတား၌ ဖဲကြိုးဖြတ်ဖွင့်လှစ်၍ကျင်းပခဲ့ပါ သည်။ အဆိုပါဖွင့်ပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးချုပ် ဦးတင်ကိုထက်မှ MACCS စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည့် အစိုးရဌာနဆိုင်ရာများနှင့် တက်ရောက်လာသည့် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအား အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ “တာချီလိတ်နယ်စပ်ဒေသ၌ MACCS စနစ် စတင်အသုံးပြုခြင်း” အခမ်းအနားကို ဒုတိယဝန်ကြီးနှင့်အဖွဲ့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး နောက် […]

Continue Reading