မြိတ်မြို့၊ ကော့သောင်းမြို့နှင့် မန္တလေးမြို့များတွင် MACCS (Myanmar Automated Cargo Clearance System) စတင်ကျင့်သုံးခြင်း ဖွင့်ပွဲအခမ်းအနား

Events
1.
2.
3.
4.
5.
6.
7.
8.
9.
10.
11.
12.

MACCS (Myanmar Automated Cargo Clearance System) စတင်ကျင့်သုံးခြင်း ဖွင့်ပွဲအခမ်းအနားအား ၄-၄-၂၀၂၅ ရက်နေ့ (သောကြာနေ့) နံနက် ၉ နာရီ အချိန်တွင် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာန (ရုံးချုပ်) ဇေယျာသီဟခန်းမတွင်လည်းကောင်း၊ ကော့သောင်းမြို့ရှိ မဉ္ဇူသက္ကခန်းမတွင်လည်းကောင်း၊ မြိတ်မြို့ရှိ Grand Jade Hotel တွင်လည်းကောင်း၊ မန္တလေးမြို့ရှိ မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးတွင်လည်းကောင်း Video Conferencing စနစ်ဖြင့် တစ်ပြိုင်တည်း ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးကဦးဆောင်၍ တာဝန်ရှိသူများ၊ ရန်ကုန် (ရုံးချုပ်) တွင် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ ဦးဆောင်၍ တာဝန်ရှိသူများ၊ မြိတ်မြို့တွင် တနင်္သာရီတိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြဝင်း ဦးဆောင်၍ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး အကောက်ခွန် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဖေကြိုင် ဦးဆောင်၍ တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ပြီး စုစုပေါင်းအင်အား (၂၀၀) ခန့်တက်ရောက်ခဲ့ပါသည်။

ထိုဖွင့်ပွဲအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက အမှာစကားပြောကြားခဲ့ပြီးနောက် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက MACCS စနစ်တိုးချဲ့ အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် အကောက်ခွန်ဦးစီးဌာနမှ MACCS စနစ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုအားပြသ၍ ကော့သောင်းမြို့၊ မြိတ်မြို့နှင့် မန္တလေးမြို့များတွင် MACCS စနစ် စတင်အသုံးပြုခြင်း အထိမ်းအမှတ်အနေဖြင့် တစ်ပြိုင်တည်း ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။ MACCS စနစ် စတင်အသုံးပြုကြောင်း ကြေညာခဲ့ပြီးနောက် အခမ်းအနားကို နံနက် ၁၀:၃၀ နာရီ တွင် ရုပ်သိမ်းခဲ့ပါသည်။ ထို့နောက် ကော့သောင်းမြိုတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့် တာဝန်ရှိသူများက MACCS စနစ်ဖြင့် အကောက်ခွန် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။