လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း

News

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် EARTH RENWEABLE ENERGY CO.,LTD မှ တင်သွင်းလာသော B/N : Hatchback (LHD), BRAND NAME : BYD E2, MODEL 2026၊ C/O : CHINA 3(U)သည် ၁၇-၇-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ PLATYPUS CO., LTD မှ တင်သွင်းလာသော B/N : MOTORCYCLE WITH CHARGING ADAPTOR(BEV), BRAND NAME : YADEA MODEL NO YADEA-RUIBIN (156 U), T5 (75 U), MODEL : 2026၊ C/O : CHINA 231(U)သည် ၁၄-၇-၂၀၂၆ ရက်နေ့တွင်လည်းကောင်း အေးရှားဝေါလ်ဆိပ်ကမ်း (AWPT)သို့ရောက်ရှိလာကြပါသည်။
အဆိုပါလျှပ်စစ်မော်တော်ယာဉ် (၃)စီးနှင့် လျှပ်စစ်မော်တော်ဆိုင်ကယ် (၂၃၁)စီးသည် ၂၄-၇-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း(AWPT)၌ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော် ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂၈-၇-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံထားရှိပါကြောင်း သတင်းရရှိပါသည်။