အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် AUNG KAN BO CO.,LTD မှ တင်သွင်းလာသော B/N : SUV (LHD), BRAND NAME : FORTHING MODEL FRIDAY (STANDARD GRADE), MODEL : 2026၊ C/O : CHINA 1(U) နှင့် B/N : SEDAN (LHD), BRAND NAME : FORTHING MODEL S7, MODEL : 2026၊ C/O CHINA 5(U) တို့သည် ၈-၇-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း(AWPT) သို့ရောက်ရှိလာကြပါသည်။
အဆိုပါလျှပ်စစ်မော်တော်ယာဉ်(၆)စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း(AWPT)၌ ၁၇-၇-၂၀၂၆ ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီးစား စက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန် ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါခွင့်ပြု ချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၇-၇-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံထားရှိပါကြောင်း သတင်းရရှိပါသည်။

