အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် YP 7 CO.,LTD မှ တင်သွင်းလာသော B/N SUV (LHD), BRAND NAME : GAC TOYOTA BZ3X MODEL 2025၊ C/O : CHINA 3(U) သည် ၁၂-၇-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT)သို့လည်းကောင်း၊ YP 7 CO.,LTD မှ တင်သွင်း လာသော B/N : SUV (LHD), BRAND NAME : GAC TOYOTA BZ3X, MODEL 2025၊ C/O : CHINA 11(U)သည် ၅-၇-၂၀၂၆ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း(MIP)သို့လည်းကောင်း အသီးသီးရောက်ရှိလာကြပါသည်။
လျှပ်စစ်မော်တော်ယာဉ် (၃)စီးသည် ၁၇-၇-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT)၌လည်းကောင်း၊ လျှပ်စစ်မော်တော်ယာဉ် (၁၁)စီးသည် ၁၀-၇-၂၀၂၆ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း(MIP)၌လည်းကောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေး ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော် ယာဉ်များ အတွက်ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန် ကြေညာလွှာပါခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၃၀-၇-၂၀၂၆ ရက်နေ့တွင် လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံထားရှိပါကြောင်း သတင်းရရှိပါသည်။

