အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် AUNG GABAR MOTOR SERVICES CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: BAIC ARCFOX ALPHA T5၊ 2024 MDL၊ C/O: CHINA – (12) U နှင့် တရုတ်နိုင်ငံထုတ် Brand New Electric Vehicle Charger၊ Brand Name : ARCFOX၊ Model No. AFA12A2၊ C/O: CHINA – (12) U သည် ၁၀-၇-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ N.P.K MOTORS CO., LTD မှ တင်သွင်းလာ သော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: MG,MG4 (MULAN)၊ 2023 MDL၊ C/O: CHINA – (12) U သည် ၃၀-၇-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ PREMIER AUTOMOTIVE LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: ZEEKR X၊ 2024 MDL၊ C/O: CHINA – (4) U သည် ၂၇-၂-၂၀၂၄ ရက်နေ့တွင် လည်းကောင်း ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ရောက်ရှိခဲ့ပါသည်။ အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ် (၄) စီးအား ၁၁-၉-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၂၄) စီးနှင့် လျှပ်စစ်သုံးမော်တော်ယာဉ် အားသွင်းစက် (၁၂) ခုတို့ အား ၄-၁၀-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) ၌ အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ပြီး ၄-၁၀-၂၀၂၄ ရက်နေ့တွင် လုပ်ထုံး လုပ်နည်းနှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။