လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ မြန်မာ့စက်မှုဆိပ်ကမ်း (MIP) နှင့် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM ၊ RG) သို့ ရောက်ရှိထုတ်ပေးခဲ့ခြင်း

News
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ASIA PACIFIC AUTOMAKER CORPORATION CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SEDAN (LHD)၊ BRAND NAME: DONGFENG (AEOLUS) E70 ၊ C/O: CHINA – (24) U သည် ၁၁-၁-၂၀၂၅ ရက်နေ့တွင် လည်းကောင်း၊ BRAND NEW SEDAN (LHD)၊ BRAND NAME: DONGFENG (AEOLUS) E70၊ 2024 MDL၊ C/O: CHINA – (2) U သည် ၁၉-၁-၂၀၂၅ ရက်နေ့တွင်လည်းကောင်း မြန်မာ့ စက်မှုဆိပ်ကမ်း (MIP) သို့အသီးသီးရောက်ရှိခဲ့ပါသည်။ QINGDAO CRRC SIFANG ROLLING STOCK CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: DONGFENG VENUCIA – VX6 450 AIR၊ 2024 MDL၊ C/O: CHINA – (2) U သည် ၁၉-၁-၂၀၂၅ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ရောက်ရှိခဲ့ပါသည်။ SUPER SEVEN STARS AUTOMOTIVE CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: IM-LS6၊ 2024 MDL၊ C/O: CHINA – (5) U သည် ၃-၆-၂၀၂၄ ရက်နေ့တွင် လည်းကောင်း၊ BRAND NEW SUV (LHD)၊ BRAND NAME: IM-LS7၊ 2023 MDL၊ C/O: CHINA – (1) U နှင့် BRAND NEW SUV (LHD)၊ BRAND NAME: IM-LS7၊ 2023 MDL၊ /O: CHINA – (1) U တို့သည် ၂၈-၅-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့အသီးသီးရောက်ရှိခဲ့ပါသည်။ AMAZING AUTO CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: GAC TOYOTA BZ4X၊ 2024 MDL၊ C/O: CHINA – (14) U သည် ၁၈-၁၀-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ရောက်ရှိခဲ့ပါသည်။ THARAPHU SOE MYINT CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: CHANGAN DEEPAL S7၊ 2023 MDL၊ C/O: CHINA – (6) U သည် ၁၃-၁၀-၂၀၂၄ ရက်နေ့တွင်လည်ကောင်း၊ BRAND NEW MINI BUS (LHD)၊ BRAND NAME: CHANGAN (KYC) V5 EV၊ 2023 MDL၊ SEATER : 11 SEATERS၊ C/O: CHINA – (2) U သည်လည်းကောင်း၊ BRAND NEW DELIVERY VAN (LHD)၊ BRAND NAME: CHANGAN (KYC) V5 EV၊ 2023 MDL၊ SEATER : 5 SEATERS၊ C/O: CHINA – (1) U သည် လည်းကောင်း၊ BRAND NEW DELIVERY VAN (LHD)၊ BRAND NAME: CHANGAN (KYC) V5 EV၊ 2023 MDL၊ SEATER : 2 SEATERS ၊ C/O: CHINA – (1) U သည်လည်းကောင်း၊ BRAND NEW DELIVERY VAN (LHD)၊ BRAND NAME: CHANGAN (KYC) V7 EV၊ 2024 MDL၊ SEATER : 5 SEATERS၊ C/O: CHINA – (2) U သည်လည်းကောင်း ၁၃-၁၀-၂၀၂၄ ရက်နေ့တွင် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့အသီးသီးရောက်ရှိခဲ့ပါသည်။ MYANMAR ARR THIT MAN MOTOR CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW MOTORCYCLE WITH CAHRGING ADAPTOR၊ BRAND NAME: YEDEA M6၊ 2024 MDL၊ C/O: CHINA – (99) U သည် ၃၁-၀၇-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော် ယာဉ် (၂၈) စီးအား မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ၌လည်ကောင်း၊ လျှပ်စစ်သုံးမော်တော် ယာဉ် (၃၃) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) ၌လည်ကောင်း၊ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၉၉) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) ၌လည်းကောင်း၊ စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၆၁) စီးနှင့် လျှပ်စစ်သုံး မော်တော်ဆိုင်ကယ် (၉၉) စီးတို့အား အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံး မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင် စစ်ဆေးခဲ့ပြီး ၂၄-၁-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ယူခွင့်ပြုခဲ့ ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိ ပါသည်။