အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် THE GREAT MERGER CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV(LHD)၊ BRAND NAME: AVATR 12A(ULTRA)၊ 2025 MDL၊ MOTOR CAPACITY: 402 KW၊ BATTERY CAPACITY: 94.53 KWH၊ BATTERY TYPE: NCM BATTERY၊ C/O: CHINA – (5) U သည် ၃၁-၁၀-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း(MITT) သို့လည်းကောင်း၊ UV AUTOMOTIVE CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV(LHD)၊ BRAND NAME: HONGQI EHS7၊ 2025 MDL၊ MOTOR CAPACITY: 253 KW၊ BATTERY CAPACITY: 110.62 KWH၊ BATTERY TYPE: TERNARY LITHIUM၊ C/O: CHINA – (5) U နှင့် BRAND NEW SUV(LHD)၊ BRAND NAME: HONGQI EHS7၊ 2025 MDL၊ MOTOR CAPACITY: FRONT 202 KW, REAR 253 KW၊ BATTERY CAPACITY: 110.62 KWH၊ BATTERY TYPE: TERNARY LITHIUM၊ C/O: CHINA – (5) U တို့သည် ၃၁-၁၀-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း၊ N.P.K MOTORS CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: LEAP-MOTOR B10၊ 2025 MDL၊ MOTOR CAPACITY: 160 KW၊ BATTERY CAPACITY: 67.1 KWH၊ BATTERY TYPE: LITHIUM-ION PHOSPHATE(LFP)၊ C/O: CHINA – (5) U သည် ၄-၁၁-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့ရောက်ရှိလာခဲ့ပါသည်။
RESIDENT REPRESENTATIVE UNNTED NATIONS DEVELOPMENT PROGRAMME မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON(LHD)၊ BRAND NAME: BYD ATTO 3 EV၊ 2025 MDL၊ MOTOR CAPACITY: 150 KW၊ BATTERY CAPACITY: 60.48 KWH၊ BATTERY TYPE: BYD BLADE BATTERY(LFP)၊ C/O: CHINA –(1) U သည် ၁-၁၁-၂၀၂၅ ရက်နေ့ တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်းကောင်း အသီးသီးရောက်ရှိလာခဲ့ပါသည်။
လျှပ်စစ်သုံးမော်တော်ယာဉ် (၅) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၁၁-၁၁-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၅) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၇-၁၁-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၁၀-၁၁-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၂-၁၁-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

