အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် MYANMAR GREAT MOTOR CO.,LTD မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် BRAND NEW TRUCK(LHD)၊ BRAND NAME: KARRY ELEPHANT EV X5၊ 2025 MDL၊ MOTOR CAPACITY: 90 KW၊ BATTERY CAPACITY: 41.86 KWH၊ BATTERY TYPE: LITHIUM IRON PHOSPHATE၊ C/O: CHINA – (39) U နှင့် BRAND NEW DELIVERY VAN(LHD)၊ BRAND NAME: KARRY COWFISH EV E5၊ 2025 MDL၊ MOTOR CAPACITY: 50 KW၊ BATTERY CAPACITY: 32.14 KWH၊ BATTERY TYPE: LITHIUM IRON PHOSPHATE၊ C/O: CHINA – (14) U သည် ၃၁-၁၀-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း၊ THARAPHU SOE MYINT CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV(LHD)၊ BRAND NAME: CHANGAN DEEPAL S7၊ 2024 MDL၊ MOTOR CAPACITY: 160 KW၊ BATTERY CAPACITY: 79.904 KWH၊ BATTERY TYPE: TERNARY LITHIUM၊ C/O: CHINA – (6) U တို့သည် ၂၉-၇-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ရောက်ရှိလာခဲ့ပါသည်။
လျှပ်စစ်သုံးမော်တော်ယာဉ် (၅၃) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၁၁-၁၁-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၆) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ဆိပ်ကမ်း၌ ၇-၁၁-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၇-၁၁-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

