အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် SUPER SEVEN STARS MOTORS INDUSTRIAL CO.,LTD မှ တင်သွင်းလာသော ကိုရီးယားနိုင်ငံထုတ် BRAND NEW COMPACT CROSS-OVER SUV(LHD)၊ BRAND NAME: KIA EV-3၊ 2026 MDL၊ MOTOR CAPACITY: 150 KW၊ BATTERY CAPACITY: 81.4 KWH၊ BATTERY TYPE: LITHIUM ION PHOSPHATE(LFP)၊ C/O: CHINA – (32) U သည် ၂၉-၁၀-၂၀၂၅ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ရောက်ရှိလာခဲ့ပါ သည်။
ESSENTIAL MOTORS CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON(LHD)၊ BRAND NAME: BYD ATTO 2 EV၊ 2025 MDL၊ MOTOR CAPACITY: 130 KW၊ BATTERY CAPACITY: 45.12 KWH၊ BATTERY TYPE: BYD BLADE BATTERY(LFP)၊ C/O: CHINA – (21) U သည် ၁-၁၁-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ လည်းကောင်း၊ INNOGEN MYANMAR CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW MPV(LHD)၊ BRAND NAME: GAC TOYOTA BZ3X၊ 2025 MDL၊ MOTOR CAPACITY: 165 KW၊ BATTERY CAPACITY: 67.92 KWH၊ BATTERY TYPE: LITHIUM-ION BATTERY၊ C/O: CHINA – (3) U နှင့် BRAND NEW SUV(LHD)၊ BRAND NAME: WULING BAOJUN YEP PLUS၊ 2025 MDL၊ MOTOR CAPACITY: 75 KW၊ BATTERY CAPACITY: 41.9 KWH၊ BATTERY TYPE: LITHIUM-ION BATTERY၊ C/O: CHINA – (15) U သည် ၁-၁၁-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်းကောင်း၊ PARAGON MACHINERY POWER GROUP CO,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV(LHD)၊ BRAND NAME: GAC TOYOTA BZ3X၊ 2025 MDL၊ MOTOR CAPACITY: 165 KW၊ BATTERY CAPACITY: 67.92 KWH၊ BATTERY TYPE: TERNARY LITHIUM BATTERY (LFP)၊ C/O: CHINA – (6) U သည် ၁-၁၁-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ရောက်ရှိလာခဲ့ပါသည်။
THE GOLDEN OCTOPUS CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCH-BACK(LHD)၊ BRAND NAME: WULING BINGO PLUS၊ 2025 MDL၊ MOTOR CAPACITY: 75 KW၊ BATTERY CAPACITY: 50.6 KWH၊ BATTERY TYPE: LITHIUM-ION BATTERY(LFP)၊ C/O: CHINA – (15) U နှင့် BRAND NEW SUV(LHD)၊ BRAND NAME: WULING SATRLIGHT S၊ 2025 MDL၊ MOTOR CAPACITY: 150 KW၊ BATTERY CAPACITY: 60.02 KWH၊ BATTERY TYPE: LITHIUM-ION BATTERY၊ C/O: CHINA – (5) U တို့သည် ၁-၁၁-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း အသီးသီးရောက်ရှိလာခဲ့ပါသည်။
လျှပ်စစ်သုံးမော်တော်ယာဉ် (၃၂) စီးသည် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ၌ ၁၁-၁၁-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၄၅) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (MITT) ၌ ၁၁-၁၁-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော် တော်ယာဉ် (၂၀) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၇-၁၁-၂၀၂၅ ရက်နေ့တွင် လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင် စစ်ဆေးခဲ့ပြီး ၁၃-၁၁-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

