အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် THE GOLDEN OCTOPUS CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: WULING BINGO၊ 2024 MDL၊ C/O: CHINA – (16) U သည် ၂၉-၁၁-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ ရောက်ရှိခဲ့ပါသည်။ MYANMAR GREAT MOTOR CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: AIQAR eQ7၊ 2024 MDL၊ C/O: CHINA – (10) U သည် ၁၄-၁၁-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) သို့ ရောက်ရှိခဲ့ပါသည်။ PREMIER AUTOMOTIVE CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: GEELY GEOMETRY C၊ 2024 MDL၊ C/O: CHINA – (2) U သည် ၃၀-၄-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ BRAND NEW WAGON (LHD)၊ BRAND NAME: GEELY GEOMETRY C၊ 2024 MDL၊ C/O: CHINA – (9) U သည် ၁၇-၅-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ BRAND NEW WAGON (LHD)၊ BRAND NAME: ZEEKR X၊ 2024 MDL၊ C/O: CHINA – (2) U သည် ၂၅-၄-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ အသီးသီး ရောက်ရှိ ခဲ့ပါသည်။ AUNG GABAR MOTOR SERVICES CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON (LHD)၊ BRAND NAME: BAIC ARCFOX αT5၊ 2024 MDL၊ C/O: CHINA – (7) U သည် ၁၀-၉-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ BRAND NEW WAGON (LHD)၊ BRAND NAME: BAIC ARCFOX αT5၊ 2024 MDL၊ C/O: CHINA – (2) U သည် ၁၅-၉-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ အသီးသီးရောက်ရှိခဲ့ပါသည်။ T & Z FINANCE CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: GAC TOYOTA BZ4X၊ 2024 MDL၊ C/O: CHINA – (9) U သည် ၂-၁၀-၂၀၂၄ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်း (Dry Port – RG) သို့ ရောက်ရှိခဲ့ပါသည်။ DAGON ARR MAHN THIT CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW MPV (LHD)၊ BRAND NAME: SAIC MAXUS MIFA 5၊ 2024 MDL၊ C/O: CHINA – (6) U နှင့် BRAND NEW SUV (LHD)၊ BRAND NAME: SAIC MAXUS MIFA 6၊ 2024 MDL ၊C/O: CHINA – (6) U တို့သည် ၂၆-၁၂-၂၀၂၄ ရက်နေ့တွင် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) သို့ အသီးသီးရောက်ရှိခဲ့ပါသည်။ အဆိုပါ လျှပ်စစ်သုံး မော်တော်ယာဉ် (၂၆) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – KM) ၌ လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၄၃) စီးအား ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (Dry Port – RG) ၌ လည်းကောင်း၊ စုစုပေါင်းလျှပ်စစ်သုံးမော်တော်ယာဉ် (၆၉) စီးအား အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော် ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန် ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၄-၂-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်း များနှင့် အညီစိစစ်ထုတ်ပေးခဲ့ပါသည်။ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့် ပြုထားပါ ကြောင်း သတင်းရရှိပါသည်။