အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် HAPPY NYEIN KYI ZIN CO.,LTD မှတင်သွင်း လာသော B/N : WAGON (LHD), BRAND NAME : GAC TOYOTA BZ3X (430 AIR +), MODEL : 2025၊ C/O : CHINA 7(U)သည် ၁၂-၇-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT)သို့လည်းကောင်း၊ ESSENTIAL MOTORS CO., LTD မှတင်သွင်း လာသော B/N : CROSSOVER SUV (LHD), BRAND NAME : BYD SONG L, MODEL: 2025၊ C/O : CHINA 28(U)သည် ၂၈-၆-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း(AWPT)သို့လည်းကောင်း 99 MYANMAR CO.,LTD မှတင်သွင်း လာသော B/N : SALOON (LHD), BRAND NAME : GAC AION ES, MODEL : 2026၊ C/O : CHINA 33(U)သည် ၁-၇-၂၀၂၆ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း(DRY PORT KM) သို့အသီးသီးရောက်ရှိလာကြပါသည်။ အဆိုပါလျှပ်စစ်မော်တော်ယာဉ် (၇)စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း(AWPT)၌ ၁၃-၇-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်မော်တော်ယာဉ် (၂၈)စီးသည် အေးရှားဝေါလ် ဆိပ်ကမ်း(AWPT)၌ ၇-၇-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်မော်တော်ယာဉ် (၃၃)စီး သည် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း(DRY PORT KM)၌ ၁၄-၇-၂၀၂၆ ရက်နေ့တွင် လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှု လုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များ နှင့်တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၄-၇-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံထားရှိပါကြောင်း သတင်းရရှိပါသည်။

