လျှပ်စစ်သုံးမော်တော်ယာဉ်များ အေးရှားဝေါဆိပ်ကမ်း(AWPT)၊ သီလဝါဆိပ်ကမ်း(MITT) နှင့် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း

News

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် FARA MYANMAR EV CO.,LTD မှတင်သွင်း လာသော B/N : SUV(LHD), BRAND: GAC TOYOTA BZ3X, MODEL : 2026၊ C/O : CHINA 2(U)သည် ၁၂-၇-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါဆိပ်ကမ်း(AWPT)သို့လည်းကောင်း၊ THE GREAT MERGER CO.,LTD မှတင်သွင်း လာသော B/N : (SEDAN)(LHD), BRAND: AVATR 12A (ULTRA), MODEL : 2025၊ C/O : CHINA 6(U)သည် ၁၂-၇-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါ ဆိပ်ကမ်း(AWPT)သို့လည်းကောင်း၊ AMAZING AUTO CO.,LTD မှတင်သွင်းလာသော B/N : SUV(LHD), BRAND: GAC TOYOTA BZ3X, MODEL : 2025၊ C/O CHINA 2(U)သည် ၁၂-၇-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါဆိပ်ကမ်း(AWPT)သို့လည်းကောင်း၊AMAZING AUTO CO.,LTD မှတင်သွင်း လာသော B/N : SUV(LHD), BRAND: GAC TOYOTA BZ3X, MODEL : 2025၊ C/O : CHINA 3(U)သည် ၁၂-၇-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါဆိပ်ကမ်း(AWPT) သို့လည်းကောင်း၊ ALPHA ALLIANCE AUTOMOBILE CO., LTD မှတင်သွင်း လာသော B/N : SUV (LHD), BRAND: AVATR 11, MODEL : 2025၊ C/O : CHINA 4(U)သည် ၉-၇-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း(MITT)သို့လည်းကောင်း၊ AGB EV CO., LTD မှတင်သွင်း လာသော B/N : LIGHT TRUCK (LHD), BRAND: VICTORY ZEBRA (SINGLE CAB), MODEL : 2026၊ C/O : CHINA 20(U)သည် ၅-၇-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း(MITT) သို့လည်းကောင်း၊ ASIA PACIFIC AUTOMAKER CORPORATION CO.,LTD မှတင်သွင်း လာသော B/N : WAGON (LHD), BRAND : DONGFENG VOYAH, MDL:DREAM, MODEL : 2026၊ C/O : CHINA 7(U)သည် ၅-၇-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း(MITT) သို့လည်းကောင်း၊ INNOGEN MYANMAR CO.,LTD မှတင်သွင်း လာသော B/N : SUV(LHD), BRAND: WULING BAOJUN YEP PLUS, MODEL : 2026၊ C/O : CHINA 15(U)သည် ၈-၇-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း(MITT) သို့လည်းကောင်း၊GOLDEN MANDALAR CO.,LTD မှတင်သွင်းလာသော B/N : CROSSOVER SUV (LHD), BRAND NAME : BYD SONG L, MODEL : 2025၊ C/O : CHINA 9(U)သည် ၉-၇-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT)သို့လည်းကောင်း၊ ESSENTIAL MOTORS CO.,LTD မှတင်သွင်းလာသော BRAND NEW: WAGON (LHD), BRAND: BYD ATTO 2, MODEL : 2025၊ C/O : CHINA 12(U)သည် ၂-၇-၂၀၂၆ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း(DRY PORT KM) သို့လည်းကောင်း အသီးသီး ရောက်ရှိလာကြပါသည်။
အဆိုပါလျှပ်စစ်မော်တော်ယာဉ်(၆၈)စီးသည် အေးရှားဝေါဆိပ်ကမ်း(AWPT)နှင့် သီလဝါဆိပ်ကမ်း(MITT)၌ ၁၄-၇-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်မော်တော်ယာဉ် (၁၂)စီးသည် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (DRY PORT KM)၌ ၁၇-၇-၂၀၂၆ ရက်နေ့တွင် လည်းကောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှု လုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါခွင့်ပြုချက်များ နှင့်တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၇-၇-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံထားရှိပါကြောင်း သတင်းရရှိပါသည်။