အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် PATHEIN AUTO TRADING CO.,LTD မှတင်သွင်း လာသော B/N MINI BUS (LHD) BRAND NAME ZHONGTONG MODEL 2025၊ C/O CHINA 8 (U) သည် ၉-၇-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း၊ PMPG_EV MYANMAR CO.,LTD မှတင်သွင်းလာသော B/N SUV (LHD) BRAND GAC TOYOTA BZ3X MODEL 2025၊ C/O CHINA 2 (U) သည် ၉-၇-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း၊ PLATYPUS CO., LTD မှတင်သွင်းလာသော B/N MOTORCYCLE WITH CHARGING ADAPTOR B/NAME YADEA - MODEL (RUIBIN-156 U) , (T5-75 U) , (M3-156-U) MODEL 2026၊ C/O CHINA 387 (U) သည် ၂၉-၆-၂၀၂၆ ရက်နေ့တွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့လည်းကောင်း အသီးသီးရောက်ရှိလာကြပါသည်။ လျှပ်စစ်မော်တော်ယာဉ် (၁၀) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၁၄-၇-၂၀၂၆ ရက် နေ့တွင်လည်းကောင်း၊ လျှပ်စစ်မော်တော်ဆိုင်ကယ် (၃၈၇)စီးသည် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ၌ ၇-၇-၂၀၂၆ ရက်နေ့တွင်လည်းကောင်းကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေး ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂၁-၇-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့် သတင်းရရှိပါသည်။

