အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် SUPER SEVEN STARS AUTOMOTIVE CO.,LTD မှတင်သွင်းလာသော B/N : SUV (LHD), BRAND NAME : IM-LS7, MODEL : 2026၊ C/O : CHINA 8(U)သည် ၉-၇-၂၀၂၆ ရက်နေ့တွင်သီလဝါဆိပ်ကမ်း(MITT)သို့လည်းကောင်း၊ SUPER SEVEN STARS AUTOMOTIVE CO.,LTD မှတင်သွင်း လာသော B/N : SUV (LHD), BRAND NAME : IM-L7, MODEL : 2026၊ C/O : CHINA 1(U)သည် ၉-၇-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း(MITT)သို့လည်းကောင်း၊ ASIA PACIFIC AUTOMAKER CORPORATION CO.,LTDမှတင်သွင်းလာသော B/N : SEDAN (LHD), BRAND NAME : DONGFENG (AEOLUS), MODEL : 2026၊ C/O : CHINA 15(U) သည် ၁၅-၇-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း(MITT)သို့လည်းကောင်း ၊ GREAT SAPPHIRE CO.,LTD မှတင်သွင်းလာသော B/N : MVP (LHD), BRAND NAME : BAW E-M7, MODEL : 2026၊ C/O : CHINA 4(U)သည် ၅-၇-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း(MITT)သို့လည်းကောင်း၊ GREAT SAPPHIRE CO.,LTD မှတင်သွင်း လာသော B/N : MINI TRUCK (LHD), BRAND NAME : BAW TC101-5, MODEL : 2026၊ C/O : CHINA 11(U)သည် ၅-၇-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း(MITT) သို့လည်းကောင်း အသီးသီးရောက်ရှိလာကြပါသည်။
အဆိုပါလျှပ်စစ်မော်တော်ယာဉ်(၂၄)စီးသည် သီလဝါဆိပ်ကမ်း(MITT)၌ ၁၇-၇-၂၀၂၆ ရက်နေ့တွင် လျှပ်စစ်မော်တော်ယာဉ်(၁၅)စီးသည် သီလဝါဆိပ်ကမ်း(MITT) ၌ ၁၄-၇-၂၀၂၆ ရက်နေ့တွင်လည်းကောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ် (၁) အကြီးစား စက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂၃-၇-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေး ခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံထားရှိပါကြောင်း သတင်း ရရှိပါသည်။

