လျှပ်စစ်သုံးမော်တော်ယာဉ်များ သီလဝါဆိပ်ကမ်း(MITT) နှင့် အေးရှားဝေါလ်ဆိပ်ကမ်း(AWPT) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း

News

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် CHINA AUTO CO.,LTD မှတင်သွင်းလာသော B/N : SUV (LHD), BRAND NAME : GAC TOYOTA BZ3X, MODEL : 2026၊ C/O : CHINA 3(U)သည် ၁၅-၇-၂၀၂၆ ရက်နေ့တွင် သီလဝါဆိပ်ကမ်း(MITT)သို့လည်းကောင်း၊ GREAT MOTOR MYANMAR CO.,LTD မှတင်သွင်းလာသော B/N : PICK UP (LHD), BRAND NAME : JMC GRAND AVENUE, MODEL 2026၊ C/O : CHINA 8(U)သည် ၂၈-၆-၂၀၂၆ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း(AWPT)သို့လည်းကောင်း အသီးသီးရောက်ရှိလာကြပါသည်။ အဆိုပါလျှပ်စစ်မော်တော်ယာဉ်(၃)စီးသည် သီလဝါဆိပ်ကမ်း(MITT)၌ ၁၇-၇-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်မော်တော်ယာဉ်(၈)စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT)၌ ၁၀-၇-၂၀၂၆ ရက်နေ့တွင်လည်းကောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော် ယာဉ် များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၂၄-၇-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံထားရှိပါကြောင်း သတင်းရရှိပါသည်။