လျှပ်စစ်သုံးမော်တော်ယာဉ်များ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (DRY PORT KM) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း

News

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း(DRY PORT KM) သို့ 99 MYANMAR CO.,LTD မှတင်သွင်းလာသော B/N : SALOON (LHD) (BEV), BRAND NAME : GAC AION ES, MODEL : 2026၊ C/O : CHINA 17(U) တို့သည် ၃-၆-၂၀၂၆ ရက်နေ့ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (DRY PORT KM) သို့ရောက်ရှိလာပါသည်။ အဆိုပါ လျှပ်စစ်မော်တော်ယာဉ် (၁၇)စီးသည် ၃၁-၇-၂၀၂၆ ရက်နေ့၌ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (DRY PORT KM)တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီးစား စက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန် ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာ ပါခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၄-၈-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်း များနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံ ထားရှိပါကြောင်း သတင်းရရှိပါသည်။