လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ မြန်မာ့စက်မှုဆိပ်ကမ်း (MIP) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း

News

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် NCX MYANMAR CO.,LTD မှ တင်သွင်းလာသော B/N : ELECTRIC MOTORCYCLE WITH LI-ION BATTERY AND CHARGER ADAPTER (BEV), BRAND NAME : WUYANG HONDA, MODEL : 2026၊ C/O : CHINA 48(U)တို့သည် ၂၈-၇-၂၀၂၆ ရက်နေ့၌ မြန်မာ့စက်မှုဆိပ်ကမ်း(MIP)သို့ ရောက်ရှိလာပါသည်။
အဆိုပါလျှပ်စစ်မော်တော်ဆိုင်ကယ် (၄၈)စီးသည် ၄-၈-၂၀၂၆ ရက်နေ့၌ မြန်မာ့စက်မှုဆိပ်ကမ်း(MIP)တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေး ဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာ လွှာပါခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၅-၈-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်း များနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံ ထားရှိပါကြောင်း သတင်းရရှိပါသည်။