လျှပ်စစ်သုံးမော်တော်ယာဉ်များ အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ရောက်ရှိထုတ်ပေးခဲ့ခြင်း

News

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် QINGDAO CRRC SIFANG ROLLING STOCK CO.,LTD မှ B/N : SUV (LHD) (BEV), BRAND NAME : DONGFENG VENUCIA -VX6 510, MODEL 2026၊ C/O : CHINA 11(U) နှင့် B/N : WAGON (SUV) (LHD) (BEV), BRAND NAME : DONGFENG VENUCIA -VX6 510, MODEL : 2026၊ C/O : CHINA 1(U) ၃၁-၇-၂၀၂၆ ရက်နေ့၌ အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့ရောက်ရှိလာကြပါသည်။
အဆိုပါလျှပ်စစ်မော်တော်ယာဉ် (၁၂) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း(AWPT)၌ ၄-၈-၂၀၂၆ ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီးစား စက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာ လွှာပါခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၇-၈-၂၀၂၆ ရက်နေ့တွင် လုပ်ထုံးလုပ်နည်း များနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကောက်ခံ ထားရှိပါကြောင်း သတင်းရရှိ ပါသည်။