အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် ATIZ MYANMAR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW MOTORCYCLE WITH CHARGING ADAPTOR၊ BRAND NAME:ADIXIN MINE၊ C/O: CHINA – (86)U နှင့် BRAND NEW MOTORCYCLE WITH CHARGING ADAPTOR၊ BRAND NAME: ADIXIN JS၊ C/O: CHINA – (86)U တို့သည် ၂၉-၇-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်းကောင်း၊ AMAZING AUTO CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV(LHD)၊ BRAND NAME: GAC TOYOTA BZ3X၊ 2025 MDL၊ C/O: CHINA – (10)U သည် ၂၉-၇-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်းကောင်း၊ MYANBAKE CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SMALL SUV(LHD)၊ BRAND NAME: LIVAN၊ 2024 MDL၊ C/O: CHINA – (20)U သည် ၂၂-၇-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့ အသီးသီးရောက်ရှိလာခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံး မော်တော်ဆိုင်ကယ် (၁၇၂) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၇-၈-၂၀၂၅ ရက်နေ့တွင် လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၀)စီး သည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၁-၈-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၂၀) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၁-၈-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီး ဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန် ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြု ချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၇-၈-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်း ရရှိပါသည်။