လျှပ်စစ်သုံးမော်တော်ယာဉ်များ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (DRYPORT-RG)၊ အေးရှားဝေါလ်ဆိပ်ကမ်း(AWPT) သို့ရောက်ရှိ

News

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် AUNG KABAR MOTOR SERVICES CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON(LHD)၊ BRAND NAME: SAIC MAXUS MIFA 5၊ 2024 MDL၊ C/O: CHINA – (8)U သည်လည်ကောင်း၊ BRAND NEW WAGON(LHD)၊BRAND NAME: SAIC MAXUS MIFA 6၊ 2024 MDL၊ C/O: CHINA – (7)U သည်လည်းကောင်း၊ BRAND NEW WAGON (LHD)၊ BRAND NAME: SAIC MAXUS MIFA 5၊ 2024 MDL၊ C/O: CHINA – (2)U သည်လည်းကောင်း၊ BRAND NEW WAGON(LHD)၊ BRAND NAME: SAIC MAXUS MIFA 6၊ 2024 MDL၊ C/O: CHINA – (3) U သည်လည်းကောင်း ၂၂-၆-၂၀၂၅ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်း ဆိပ်ကမ်း (DRY PORT-RG) သို့အသီးသီးရောက်ရှိလာခဲ့ပါသည်။ MYANMAR ARR THIT MAN MOTOR CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV(LHD)၊ BRAND NAME:CHANGAN DEEPAL S07၊ 2025 MDL၊ C/O: CHINA –(25) Uသည် ၂၂-၇-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ရောက်ရှိလာ ခဲ့ပါသည်။ အဆိုပါ Import Declaration ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံးမော်တော်ယာဉ် (၂၀) စီးသည် ရွာသာကြီး ကုန်းတွင်းဆိပ်ကမ်း (DRYPORT-RG) ၌ ၁၁-၇-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံး မော်တော်ယာဉ် (၂၅) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၂၉-၇-၂၀၂၅ ရက်နေ့တွင်လည်း ကောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှု ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၅-၈-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများ အတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။