(MG S5 JMC JMEV EV3 GAC TOYOTA BZ3X BYD ATTO3 IM-LS7) EV များ (MITT,AWPT,DRYPORT-RG & KM) သို့ ရောက်ရှိ

News

လျှပ်စစ်သုံးမော်တော်ယာဉ်များ သီလဝါဆိပ်ကမ်း (MITT)၊ အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) နှင့် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (DRYPORT- RG&KM) သို့ ရောက်ရှိ အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K MOTORS CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: MG S5(ES5)၊ 2025 MDL၊ C/O: CHINA – (2) Uသည် ၂၁-၈-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း၊ CHINA AUTO GROUP CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK (LHD)၊ BRAND NAME: JMC JMEV EV3၊ 2025 MDL၊ C/O: CHINA – (25) Uသည် ၃-၇-၂၀၂၅ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (DRYPORT-RG) သို့လည်းကောင်း၊ SHWE THWAY CO.,LTD မှ တင် သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV(LHD)၊ BRAND NAME: GAC TOYOTA BZ3X၊ 2025 MDL၊ C/O: CHINA – (9) Uသည် ၂-၉-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်း ကောင်း၊ GOLDEN MANDALAR CO., LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON(LHD)၊ BRAND NAME : BYD ATTO3၊ 2025 MDL၊ C/O: CHINA – (8) Uသည် ၂၈-၆-၂၀၂၅ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (DRYPORT-KM) သို့လည်းကောင်း၊ SUPER SEVEN STARS AUTOMOTIVE CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: IM-LS7၊ 2025 MDL၊ C/O: CHINA – (20) Uသည် ၃၀-၈-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့လည်းကောင်း၊ FARA MYANMAR EV CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV(LHD)၊ BRAND NAME: GAC TOYOTA BZ3X၊ 2025 MDL၊ C/O: CHINA – (15) Uသည် ၃၁-၈-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်း ကောင်း အသီးသီးရောက်ရှိလာခဲ့ပါသည်။ အဆိုပါ Import Declarationဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သုံး မော်တော်ယာဉ် (၂) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၂-၉-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၂၅) စီးသည် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (DRYPORT-RG) ၌ ၂၉-၇-၂၀၂၅ ရက် နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၉) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၅-၉-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၈) စီးသည် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (DRY PORT-KM) ၌ ၂၂-၇-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၂၀) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၅-၉-၂၀၂၅ ရက်နေ့ တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၅) စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) ၌ ၅-၉-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၉-၉-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါ ကြောင်း၊ အဆိုပါ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။