အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် ATIZ MYANMAR CO.,LTD မှ တင်သွင်းလာသော တရုတ် နိုင်ငံထုတ် BRAND NEW MOTORCYCLE WITH CHARGING ADAPTOR၊ BRAND NAME: ADIXIN E-TRON၊ 2025 MDL၊ MODEL NO. BDJ1500DT-4၊ MOTOR CAPACITY: 1500W၊ BATTERY CAPACITY: 72V 20AH၊ BATTERY TYPE: LEAD ACID၊ C/O: CHINA – (164)U နှင့် BRAND NEW MOTORCYCLE WITH CHARGING ADAPTOR၊ BRAND NAME: ADIXIN SKUMI၊ 2025 MDL၊ MODEL NO. BDJ1500DT-2၊ MOTOR CAPACITY: 1500W၊ BATTERY CAPACITY: 72V 20AH၊ BATTERY TYPE: LEAD ACID၊ C/O: CHINA – (164)U တို့သည် ၂၉-၈-၂၀၂၅ ရက်နေ့တွင် မြန်မာ့စက်မှု ဆိပ်ကမ်း(MIP) သို့လည်းကောင်း၊ T&Z FINANCE CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် BRAND NEW SUV(LHD)၊ BRAND NAME: BYD SEALION 07၊ 2025 MDL၊ MOTOR CAPACITY: 230 KW၊ BATTERY CAPACITY: 80.64 KWH၊ BATTERY TYPE: LITHIUM IRON PHOSPHATE(BLADE BATTERY)၊ C/O: CHINA –(10)U သည် ၂-၉-၂၀၂၅ ရက်နေ့တွင် သီလဝါ ဆိပ်ကမ်း(MITT)သို့လည်းကောင်း၊ AUNG GYI GROUP OF COMPANIES LIMITED မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် BRAND NEW HATCHBACK(LHD)၊ BRAND NAME: JAC E30X၊ 2025 MDL၊ MOTOR CAPACITY: 70 KW၊ BATTERY CAPACITY: 41 KWH၊ BATTERY TYPE: LFP BATTERY၊ C/O: CHINA – (5)U သည် ၂-၉-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း(MITT)သို့ အသီးသီး ရောက်ရှိလာခဲ့ပါသည်။ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် (၃၂၈) စီးသည် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) ၌ ၅-၉-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ်(၁၀)စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၉-၉-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၅) စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၅-၉-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီး ဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံး မော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များအတွက် ထုတ်ပြန်ထားသည့် စံချိန် စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါခွင့်ပြုချက်များ နှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၀-၉-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေး ခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိ ပါသည်။