အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် EV POWER CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON(LHD)၊ BRAND NAME: BYD ATTO2၊ 2025 MDL၊ MOTOR CAPACITY: 130 KW၊ BATTERY CAPACITY: 45.12 KWH၊ BATTERY TYPE: BYD BLADE BATTERY(LITHIUM IRON PHOSPHATE)၊ C/O: CHINA – (9)U သည် ၃၁-၈-၂၀၂၅ ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) သို့လည်းကောင်း၊ ASIA PACIFIC AUTOMAKER CORPORATION CO.,LTD မှ တင်သွင်း လာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON(LHD)၊ BRAND NAME: DONGFENG VOYAH၊ MODEL: COURAGE၊ 2025 MDL၊ MOTOR CAPACITY: 230 KW၊ BATTERY CAPACITY: 108.73 KWH၊ BATTERY TYPE: LITHIUM IRON PHOSPHATE BATTERY၊ C/O: CHINA – (12)U သည် ၁-၉-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း(MITT) သို့လည်းကောင်း၊ THE GREAT MERGER CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV(LHD)၊ BRAND NAME: AVATR 11A၊ 2024 MDL၊ MOTOR CAPACITY: 425 KW၊ BATTERY CAPACITY: 116.79 KWH၊ BATTERY TYPE: NCM၊ C/O: CHINA – (10)U သည် ၂-၉-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း(MITT) သို့လည်းကောင်း၊ PMPG-EV MYANMAR TRADING CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW WAGON(LHD)၊ BRAND NAME: GAC TOYOTA BZ4X၊ 2025 MDL၊ MOTOR CAPACITY: 150 KW၊ BATTERY CAPACITY: 67.52 KWH၊ BATTERY TYPE: TERNARY LITHIUM BATTERY၊ C/O: CHINA – (15)U သည် ၃၀-၈-၂၀၂၅ ရက်နေ့ နှင့် BRAND NEW WAGON(LHD)၊ BRAND NAME: GAC TOYOTA BZ4X၊ 2025 MDL၊ MOTOR CAPACITY: 150 KW၊ BATTERY CAPACITY: 67.52 KWH၊ BATTERY TYPE: TERNARY LITHIUM BATTERY၊ C/O: CHINA – (10)U သည် ၂-၉-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့ အသီးသီး ရောက်ရှိလာခဲ့ပါသည်။ လျှပ်စစ်သုံးမော်တော်ယာဉ်(၅၆)စီးသည် အေးရှားဝေါလ်ဆိပ်ကမ်း (AWPT) နှင့် သီလဝါ ဆိပ်ကမ်း(MITT)သို့ ရောက်ရှိခဲ့ရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁) အကြီးစား စက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါခွင့်ပြုချက်များနှင့် တိုက်ဆိုင် စစ်ဆေးခဲ့ပြီး ၁၁-၉-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။