အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် GREAT SAPPHIRE CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW MINI TRUCK (LHD)၊ BRAND NAME: BAW TC101-5၊ 2025 MDL၊ C/O: CHINA – (3)U၊ BRAND NEW MINI TRUCK (LHD)၊ BRAND NAME: BAW TC101-5၊ 2024 MDL၊ C/O: CHINA – (1)U နှင့် BRAND NEW MINI BOX TRUCK (LHD)၊ BRAND NAME: BAW TC101-6၊ 2024 MDL၊ C/O: CHINA – (4)U တို့သည် ၁၆-၈-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း (MITT) သို့ ရောက်ရှိလာခဲ့ပါသည်။ N.P.K MOTORS CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: LEAPMOTOR C16၊ 2025 MDL၊ C/O: CHINA – (20)U သည် ၂-၉-၂၀၂၅ ရက်နေ့နှင့် BRAND NEW SUV (LHD)၊ BRAND NAME: LEAPMOTOR C16၊ 2025 MDL၊ C/O: CHINA – (26)U သည် ၃၀-၈-၂၀၂၅ ရက်နေ့တို့တွင် သီလဝါဆိပ်ကမ်း (MITT) သို့ လည်းကောင်း၊ PERFORMANCE AUTO INTERNATIONAL CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: CHERY FX၊ 2025 MDL၊ C/O: CHINA – (10)U သည် ၁၅-၈-၂၀၂၅ ရက်နေ့တွင် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (DRYPORT-KM) သို့ လည်းကောင်း အသီးသီးရောက်ရှိလာခဲ့ပါသည်။ လျှပ်စစ်သုံးမော်တော်ယာဉ် (၈)စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၂၆-၈-၂၀၂၅ ရက်နေ့ တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၄၆)စီးသည် သီလဝါဆိပ်ကမ်း (MITT) ၌ ၉-၉-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၀)စီးသည် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း (DRYPORT-KM) ၌ ၂၈-၈-၂၀၂၅ ရက်နေ့တွင်လည်းကောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေး ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် ထုတ်ပြန် ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါ ခွင့်ပြုချက် များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၁၇-၉-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ် ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့် ပြုထားကြောင်း သတင်းရရှိပါ သည်။