လျှပ်စစ်သုံးမော်တော်ယာဉ်များ သီလဝါဆိပ်ကမ်း(MITT) သို့ ရောက်ရှိ

News

အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် T&Z FINANCE CO.,LTD မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV၊ BRAND NAME: BYD SEALION 07၊ 2025 MDL၊ MOTOR CAPACITY: 230 KW၊ BATTERY CAPACITY: 80.64 KWH၊ BATTERY TYPE: LITHIUM IRON PHOSPHATE(BLADE BATTERY)၊ C/O: CHINA – (10)U သည် ၁၅-၉-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း‌ (MITT) သို့ လည်းကောင်း၊ AMAZING AUTO CO.,LTD မှတင်သွင်းလာသော တရုတ်နိုင်ငံထုတ် BRAND NEW SUV (LHD)၊ BRAND NAME: GAC TOYOTA BZ3X၊ 2025 MDL၊ MOTOR CAPACITY: 165 KW၊ BATTERY CAPACITY: 67.92 KWH၊ BATTERY TYPE: LITHIUM ION၊ C/O: CHINA – (9)U သည် ၁၅-၉-၂၀၂၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်း‌ (MITT) သို့ ရောက်ရှိလာခဲ့ပါသည်။ လျှပ်စစ်သုံးမော်တော်ယာဉ် (၁၉) စီးသည် သီလဝါဆိပ်ကမ်း‌(MITT)၌ ၁၉-၉-၂၀၂၅ ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက်ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ၊ သွင်းကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာပါခွင့်ပြုချက်များနှင့် တိုက်ဆိုင် စစ်ဆေးခဲ့ပြီး ၂၃-၉-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါတင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။